Chapter ( 6 )

134 17 1
                                    


   ဝယ်လာခဲ့တဲ့ပစ္စည်းကို မြှောက်ကြည့်ရင်း ဟိုလူ ရှိနေ
မည့် ဆိုင်သို့ အေးဆေးစွာပြန်ဝင်လာသည်။အခုလောက်ဆို
ရရင် အဝတ်စားလဲပြီးလောက်ရောပေါ့လို့တွေးထားသည်မို့
မျက်လုံးဖြင့် လိုက်ရှာကြည့်သည်။ ပေစုတ်စုတ်လူနဲ့ တူတာ
ဆိုလို့ ဘာမှကိုမတွေ့လို့ အရောင်းဝန်ထမ်းတစ်ယောက်ကို
ခေါ်လိုက်ရသည်။အရင်များပြန်သွားတာလားဆိုပြီး ဆန်း အနည်းငယ် တင်းချင်သွားသည်။

"ခုနက လူက ပြန်သွားတာလား"

"မဟုတ်ဘူးရှင့် ပစ္စည်းတွေလည်းဒီအတိုင်းရှိနေသေးသလို
လူကလည်း အဝတ်လဲခန်းထဲကနေ ထွက်မလာသေးဘူးရှင့်"

" ဟုတ်လား "

ဆန်းရဲ့ မျက်လုံးက အဝတ်လဲခန်းဘက်သို့ရောက်သွားပြီး
မျက်မှောင်ကြုံ့၍ကြည့်သည်။ဒီလောက်ကြာတာတောင်ထွက်
မလာနိုင်သေးတာကို နားမလည်နိုင်သဖြင့် ။

အဝတ်လဲခန်းရှေ့လျှောက်သွားပြီး တံခါးကို သူ့လက်မှာ ဝတ်ထားတဲ့ လက်စွပ်တွေကို မထိအောင် လက်ဆစ်ဖြင့်ခေါက်၍
အသံပေးလိုက်သည်။

" ဟေ့လူ အသက်ရောရှိသေးရဲ့လား "

အထဲတွင် အကြပ်ရိုက်နေရတဲ့ မိုးဇက်မှာ သီအိုရီ့အသံကိုကြားတာနဲ့ ကယ်တင်ရှင်ကိုရှာတွေ့ရသလို ပျော်သွားသည်။
တံခါးကို သေးသေးလေးပဲဟပြီး ခေါင်းကို အပြင်သို့ထုတ်
သည်။

" သီအိုရီ .."

"အသက်ရှိသေးတာပဲကို ဘာလို့ထွက်မလာတာလဲ "

သီအိုရီကို လက်ယက်ခေါ်ပြီး အထဲသို့ လာရန်ပြောရသည့်
မိုးဇက်မှာလည်း ဒီကောင်လေး အော်မယ်ဆိုတာသိပေမယ့် မတတ်သာလို့သာ။

"ခဏလောက်ဝင်ခဲ့ပါ "

အဝတ်လဲခန်းထဲ ဝင်လာဖို့ခေါ်တော့ ဆန်း ဒေါသကထောင်း
ခနဲဖြစ်သွားတယ်။ရင်းနှီးတဲ့ ဆက်ဆံရေးလည်းမဟုတ်ဘဲ
အင်္ကျီကူဝတ်ပေးစေချင်နေတာလား ဒီလူက။ ဘေးမှာ
အရောင်းဝန်ထမ်း ကောင်မလေးလည်းရှိနေတာကိုလေ။

" ဘာပြောတယ် ကျုပ်က ဘာလို့ဝင်ရမှာလဲ"

" အာရုံနောက်လိုက်တာကွာ "

You've reached the end of published parts.

⏰ Last updated: Feb 20 ⏰

Add this story to your Library to get notified about new parts!

"𝑻𝑯𝑬𝑶𝑹𝒀" (သီအိုရီက အရမ်းဆိုးတယ်) Where stories live. Discover now