အပိုင်း (၃၆)

2.4K 288 44
                                    

(Unicode)

အပိုင်း (၃၆)

" ဂျိုကို။ လုံးလုံးလေး.. ကိုယ်တွေ ပူနေတယ်..! "

ညစာပြင်နေတဲ့ မီးဖိုခန်းထဲက ဂျုံးကုဆီ သွားမယ် တကဲကဲ လုပ်နေတဲ့ ဂျိုကို့ကို ဦးကပဲ ထိန်းနေပြီး ကာတွန်းကားနဲ့ အာရုံ ပြောင်းနေတာ ဖြစ်သည်။

မျက်တောင်လေးတွေ စင်းလာတာမို့ အိပ်ပျော်သွားပြီ အထင်နဲ့ လက်မောင်လေးကို အသာလေး ပုတ်ပေးတော့ တွန့်ကာ နှိုးလာသည့် ဂျိုကို။ အပူချိန် နွေးနွေးကြောင့် ကိုယ်လုံးလေးကို ပွေ့ဖက်ကြည့်တော့ ပုံမှန်ထပ် နွေးနေသည်။ ပါးအိအိကို ဦးက သူ့ပါးလေး‌နဲ့ ကပ်ကြည့်သည်။

အိမ်မှာလည်း အငယ်ဆုံး ဖြစ်သလို ကလေးတွေနဲ့လည်း အနီးကပ် မရှိဖူးတာမို့ အခုနေ သူဘာလုပ်ပေးသင့်လည်း မသိ။

' ဂျုံး.. ဂျုံးကို.. သူလေး ကိုယ်ပူနေတယ် '

မီးဖိုခန်းကို ခပ်သွက်သွက် ခြေလှမ်းတဲ့ ဦးက ဂျုံးကုကိုလည်း အော်ခေါ်လျက်သား။

' အဟင့်.. '

စပြီး အီလာပြီ ဖြစ်တဲ့ ဂျိုကိုက သူ့ကို တစ်ချက် မော့ကြည့်ပြီး ငိုတော့သည်။ ဂျုံးကုက အေပရွန်ကို အမြန်ချွတ်ပြီး ပြေးလာသည်။ ကားသော့ကို လှမ်းယူတဲ့ လက်တွေကို ထယ်ဟျောင်း တားလိုက်သည်။

' ဘယ်လဲ '

' နေမကောင်းရင် ဟိုကို သွားရမှာပေါ့ '

ဆေးခန်းလို့ ကြားရင် မသွားရဲတာနဲ့ နားညည်းအောင် ငိုမှာကို သိလို့ ပြောတော့ ဦးက နေပါအုန်းလို့ ဆိုသည်။

' ဘာလို့လဲ '

' ငိုတာကို အရင်ချော့လေ။ ရှိုက်ငိုနေတာကိုကွာ။ ဘာလို့လဲ ဦးဦးကို ပြော။ ခေါင်းကိုက်လို့လား? ဘာဖြစ်လို့လဲ? '

ဂျုံးကုကတော့ ရေဝတ်နဲ့ ဇလုံကို ပြေးယူနေပြီ ဖြစ်ပြီး ထယ်ဟျောင်းကတော့ မျက်ရည်စက်တွေကို တစ်ရှူးဖြင့် သုတ်ပေးနေသည်။

' ဖေဖေဆီပြန်ချင်တယ် '

မျက်လုံးဝိုင်းဝိုင်းလေးတွေထဲ ဖခင်ကို ဘယ်လောက် လွမ်းနေလဲ သိသာသည်။ နေ့လည်ကတောင် ပျော်နေပြီး အခုမှ ကောက်ငိုရတယ်လို့ကွယ်။

UNTIL {Completed}Where stories live. Discover now