အပိုင်း (၄၄)

3.1K 254 17
                                    

(Unicode)

အပိုင်း (၄၄)

ဂျီမင်းက သီချင်းကိစ္စနဲ့ လာခဲ့တာ ဖြစ်ပြီး မတော်တဆ McDonald's မှာ ဂျုံးကုကို ပြန်တွေ့ခဲ့တာ။ အလုပ်များနေတဲ့ လူမို့ ကိုရီးယားကို ပြန်ရောက်လာပေမဲ့ ဂျုံးကုနဲ့ မတွေ့ဖြစ်‌သေး။ အများကြီး ပြောင်းလဲ လာတဲ့ ပုံစံကို ဂျီမင်းမှာ မှင်သက်ရသည်။ အရင်လို မဟုတ်ဘဲ ရင့်ကျက်ပြီး လူကြီးပုံ ပေါ်လာလို့လည်း တစ်ဖက်က ကျေနပ်ရသည်။

အခုထိ အဆက်သွယ် မပျက် ရှိနေတဲ့ ဂျုံးကုနဲ့ Professor ရဲ့ ဆက်ဆံရေး တစ်ခုကိုတော့ ဂျီမင်း ဒီတိုင်းလေးသာ ပြုံးဖြစ်ပါသည်။

ပျော်ရာကို ဂျုံးကုက ကိုယ်တိုင်ပဲ ပြန်သွားတာမို့ ဂျီမင်း အားပေးရမည်။

နောက်ဆို ပင်ပန်းတိုင်း ငါ့ဆီကို မလာဖြစ်လောက်တော့ဘူး မလား..
အရင်ကထပ်တော့ ပိုပြီး ဝေးသွားမယ်၊ ဒါပေမဲ့ ငါတို့ တွေ့နိုင်သေးတယ် မလား..

' ဂျီမင်းလားဗျ? '

ထိုင်စောင့်နေရာက ထလိုက်ကာ ဝန်ထမ်းကတ် လည်ဆွဲနဲ့ အစ်ကို တစ်ဦးကို ပြုံးပြလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲကပင် USB stick တစ်ခုကို ထုတ်ပေးလိုက်သည်။

မေးလ်က ပို့လည်း ရတာကို လူကိုယ်တိုင်ပဲ သွားပေးချင်တဲ့ စီနီယာကြောင့် သူဒီကို ရောက်နေရခြင်း ဖြစ်သည်။

ခရီးဝေးတွေ ထပ်မသွားချင်သေးဘူး ဆိုတဲ့ စီနီယာက အနီးအနားမှာပဲ ခရီးငယ်လေးတွေ ထွက်ကာ သီချင်းရေးဖို့ နေရာရှာ လေ့ရှိသည်။ နောက်တော့ အဖျားမိလာလေရဲ့ အခုလည်း ဆေးရုံမှာ စောင့်နေမှာမို့ ဂျီမင်း အမြန်ပဲ ဆေးရုံကို ပြန်လာခဲ့ရသည်။

Token နံပါတ်စောင့်နေတဲ့ လူတွေနား ထိုင်နေသည့် စီနီယာက ဖျော့တော့နေသည်။ နှာခေါင်းကို အုပ်ထားတဲ့ mask အဖြူက လျောကျနေပြီ ဖြစ်သည်။ လက်က စက္ကူအိတ်နဲ့ ဆေးထုတ်ကို ကိုင်ထားပြီး ဂျီမင်းကို စောင့်နေတာ ဖြစ်သည်။ မျက်လုံးတွေက မှေးစင်းနေပြီး တစ်ခါတစ်ခါ မှိတ်ကျသွားသည်။

စတွေ့တုန်းက ဂျီမင်းဟာ ပထမနှစ် ယွန်းဂီဟာ တတိယနှစ်။ ပထမနှစ်လေးတွေအတွက် ကြိုဆိုပွဲ ဆိုပြီး လုပ်ကြလေတော့ ယွန်းဂီလည်း မပါမဖြစ် ပါခဲ့ရသည်။ လူအများကြီးထဲက တစ်ဦးထဲကို သတိထားမိသည်အထိ ဂျီမင်း ဆိုတဲ့ ကောင်ကလေးက ယွန်းဂီ မျက်လုံးထဲ ထင်းနေခဲ့သည်။

UNTIL {Completed}Where stories live. Discover now