Epi 28

249 28 0
                                    

Unicode

"မပြန်ပါသေးနဲ့ဦးလား ဦးတည်ရယ်"

"လွန်းရဝေ မင်းနိုးကတည်းကကိုယ့်ကိုပြောနေတာ ဒါနဲ့ဆိုဘယ်နှခေါက်လောက်ရှိပြီလဲ"

ထွန်းတည်တံ့ပြောတော့လည်း မျက်နှာငယ်နှင့်ခေါင်းငုံ့သွားပြန်ပါသည်။

မနက်နိုးကတည်းက တည်တံ့အိပ်ယာမှထမည်လုပ်တော့လည်းဖက်ထားတာကိုမဖယ်ပေးဘဲ မပြန်ဖို့တဂျီဂျီလုပ်နေခြင်းပင်။

ခွင့်အများကြီးယူလို့မရတာလည်းဒီကောင်လေးသိနေရက်နဲ့လေ...၊ သူ့ကိုတွယ်တာသည်ကိုသိရတော့လည်း တည်တံ့မှာသနားမိပြန်သည်။

"မနက်စာရော စားမသွားတော့ဘူးလား"

"ကိုယ့်အတွက်နဲ့စောထနေရတဲ့အိမ်သားတွေကိုပဲအားနာလှပြီလေ၊ ကိုယ်မစားတော့ဘူးနော်၊ စားရင်လည်းနောက်ကျနေမှာစိုးလို့လေ၊ ကိုယ့်ကိုနားလည်တယ်မလား"

"ဟုတ် သားနားလည်ပါတယ်"

ကောင်လေးကပြောရင်း တည်တံ့အဝတ်တို့ကိုလည်းကူသိမ်းပေးပြန်ပါသေးသည်။

"လွမ်းနေရတော့မှာ"

"ဟုတ်ရဲ့လား၊ စကားတွေအတော်တတ်နေတာထင်တယ်"

မျက်နှာငယ်နဲ့တကယ်မခွဲချင်သလိုဖြစ်နေတာကိုသိသော်လည်း အရမ်းမခံစားမိစေရန်အလို့ငှါပင်..။

မင်းနဲ့တော့ခက်တော့တာပဲ...ဒါလေးတောင်မခွဲနိုင်သလိုဖြစ်နေတာ နောက်များနေရင်ဘယ်လိုလုပ်ကြမလဲကောင်လေးရဲ့...။

"ကိုယ်ဖုန်းဆက်ပါ့မယ်"

အခုလည်းတည်တံ့စသည်ကို အရင်ကိုပြန်စနောက်ခြင်းမရှိဘဲငြိမ်နေသောကြောင့် ချော့ရပြန်ပါသည်။

"ဟုတ်"

"ကိုယ့်ကိုစိတ်မကောင်းအောင်မလုပ်ပါနဲ့၊ ခဏလောက်မျက်နှာလေးမော့ပါဦးလား"

မော့ကြည့်လာသောမျက်ဝန်းများက သူ့ကိုတကယ်မသွားစေချင်သည့်ပုံ၊ အဲ့အကြည့်တွေကိုမြင်ပြီးသည့်သကာလ... မြတ်နိုးစိတ်အစုံနဲ့နဖူးလေးကိုလည်းထိကပ်ချင်မိတဲ့စိတ်တွေ၊ အမြဲတမ်းကြင်နာနေချင်မိတဲ့ ဘယ်ဘက်မျက်ခွံပေါ်ကမှည့်နက်လေး...နောက်ပြီး မသိသာစွာခပ်ဟဟပွင့်နေတဲ့ နှုတ်ခမ်းပါး...တခြားဘာစိတ်မှမပါရှိတဲ့သူက ညံ့သက္လာမိတဲ့အခါ အဲ့လိုလောဘလေးတွေကတော့ ကပ်ငြိလာတတ်တဲ့အခါများလည်းရှိ၏။ သူ့အတွက်လည်းတကယ်တမ်းမလွယ်ကူလှပေမယ့် ထိန်းသိမ်းနေရတာကိုအသားကျလှပြီလေ...။

ထီး(ထီး)Where stories live. Discover now