Epi 29

302 23 0
                                    

Unicode

"ဟေ့ကောင် နွား၊ မလာခဲ့နဲ့၊ ခုချက်ချင်းလစ်လိုက်တော့"

"အခ်စ္က ကိုယ့်ကိုစိတ်ကောက်နေတာလား"

စပ်ဖြဲဖြဲနှင့် မင်းအိမ်၏အခန်းထဲသို့အတင်းတိုးဝင်လာသော သကောင့်သားကို ပျစ်ပျစ်နှစ်နှစ်ဆဲပစ်လိုက်ချင်စိတ်တွေကတဖွားဖွား..။

"မင်းကြီးတော်ကြီးကိုကောက်ရမှာလား၊ မနေ့ကခေါ်တုန်းကကျ မလာဘဲနဲ့...နွား"

"ဟာ...ငါမင်းကိုပြောသားပဲ၊ ဦးတည်ကိုဘုရားလိုက်ပို့ရမှာမို့လို့ ငါမအားဘူးပြောနေတာကို"

ပြောလည်းပြောရင်း မြတ်မင်းအိမ်ကို ဝယ်လာသောကြံရည်ထုပ်တစ်ထုပ်ပေးလိုက်ကာ အိပ်ယာပေါ်သို့တက်လာပြီး ခေါင်းရင်းကိုမှီကာ သူပါကြံရည်သောက်နေပုံက ပိုင်စိုးပိုင်နင်း၊ နည်းနည်းမှအချိုးပြေစရာမရှိ....။

နွားက သူ့ဘဲကြီးရှေ့ကျ သောက်ရုပ်ကတစ်မျိုး၊ ကေလးလိုလို၊ ခွေးလိုလိုနှင့်...။

"မင်းဘဲကြီးကိုခေါ်လာလို့ရသားပဲ"

"ဟေ့ကောင် ဘဲကြီး၊ ဘဲကြီးနဲ့ မလေးမစားမခေါ်နဲ့"

"သောက်ပိုတွေ၊ မင်းပြန်တော့ သြား၊ ငါအားမေနဘူး။ အခန်းသန့်ရှင်းရေးလုပ်နေတာမြင်သားနဲ့ ကုတင်ပေါ်တက်ထိုင်တဲ့ နွား"

ကုတင်ပေါ်ထိုင်နေတဲ့သူနှင့် စာကြည့်စားပွဲကခုံမှာထိုင်နေတဲ့သူနှစ်ယောက်မှာတော့ တစ်ယောက်ရုပ်ကဖြီးတီးဖြီးတီးနှင့် ကျန်တစ်ယောက်မှာအမှန်တကယ်ထထိုးတော့မလို..။

"ဟ နွား၊ နွားနဲ့..၊ မင်းလိုများမှတ်နေလား...ငါကအချစ်ခံလူတန်းစားကွ၊ မင်းလို နှစ်ဖက်ပေါက်နေတဲ့ချိုကိုတောင် မှန်ထဲတသသကြည့်ပြီး စိန်ကွပ်နေတဲ့ကောင်မဟုတ်ဘူး"

"မေဘေး...မင်းလစ်လိုက်တော့"

မြတ်မင်းအိမ်ကထိုင်ရာကနေ လွန်းရဝေဆီထလာပြီး ခေါင်းကိုလက်မောင်းကြားအတင်းဆွဲညှစ်တော့သည်။ လွန်းရဝေကလည်းခြေထောက်နဲ့ ပြန်ကန်ရင်း နှစ်ယောက်သားတဟားဟားအော်ရယ်နေကြသည်မှာ အခန်းထဲတွင်ရယ်သံများဖုံးလွှမ်းသွားသည်အထိ..။

ထီး(ထီး)Where stories live. Discover now