Ep20💖(my bunny)ui& zawgyi

575 51 1
                                    

"စိတ်ပူတယ် !!!!!!!!အား!!!!!!!!!
ဟင့် ချစ်တယ်လို့!!!!!!!!"

တစ်ယောက်တည်း စာအုပ်ဟောင်းထားရာ စတိုးခန်းထဲ အော်ငိုနေလေတယ်

အဲ့လိုနဲ့ jiminလည်း အတန်းတက်ကာ စိတ်ပူပန်မှုကတော့ တစ်စက်မှမလျှော့သွားခဲ့ပေ
ဆို့နစ်နေတဲ့ ရင်ဘတ်ကိုတော့ ခဏတာ လျစ်လျူရှုပြီး စာကို ကုန်းရုန်းမှတ်ရပြန်တယ်

.......................
Jungkookလည်း သူ့ရဲ့ တိုင်းပြည်ကို သွားရောက်ခဲ့လေတယ်

နတ်သစ်ပင်ရေကန်ဆီကို ဦးတည်လာကာ
ရေကန်ဘေးနားကို မတ်တပ်ရပ်ပြီး စိတ်ထဲတွင်

*နတ်မင်းကြီး *

ဆိုပြီး ပွာကနဲပေါ်လာတော်မူလေတယ်

"မင်းသားလေး ရောက်လာပြီးကိုး"

"နတ်မင်းကြီး အမှာစကားအကြောင်းရင်း ကို သိချင်လို့ပါ"

"မင်းသားကို သတိပေးထားရုံပါ အခုလည်း ရန်သူတွေက အုံ့အောင်း သောင်းနင်းလာနေပါပြီး မင်းသားလေးရဲ့ ကြယ်တာရာလေး ထိခိုက်မှုရှိနိုင်တယ် ရန်သူတွေက အချိန်မရွေးပဲ လာပြီး အန္တရာယ်ပြုနိုင်တယ် ကြယ်တာရာကြောင့် သွေးမစွန်းစေပါနဲ့လို့မပြောဘူး ကြယ်တာရာကြောင့် ဒီတိုင်းပြည်မလုံခြုံမှာကို တွေးပူမိလို့ပါ "

"နတ်မင်းရဲ့ အမှာစကားကို ကျွန်တော်လက်ခံပေမယ့် တွေးပူတာက တွေးပူပါ ရပါတယ်တစ်ခုလေးပဲ ကြယ်တာရာလေး အန္တရာယ်မကျရောက်အောက် ကျွန်တော့်ကို နတ်သက်တမ်းတိုးပေးပါ "

"အဲ့ဒါတော့ မင်းသားရဲ့ ကံကြမ်မာစေရာလမ်းပေါ်မူတည်တယ် "

ထိုသို့ပြောပြီး ပျောက်ကွယ်သွားသော နတ်မင်း

Jungkookလည်း ရေကန်ဘေးတွင် ချုံချုံချထိုင်ချကာ ပါးပြင်ထက် မျက်ရည်ကလေး စွတ်နေလေတယ်

*‌ကိုယ့်ရဲ့ ကလေးလေးက ကိုယ့်ကြောင့် အန္တရာယ်ဖြစ်မှာတဲ့လားကွာ အဲ့ဒါတွေအားလုံးကိုယ့်ကြောင့်ပါ ကိုယ်သာ ဒီတိုင်းပြည်ကို ကာကွယ်ဖို့ စွမ်းအင်တွေ မတောင်းခဲ့ရင် ကလေးကိုလည်း ဖန်ဆင်းပေးဖို့ မတောင်းဆိုခဲ့ရင် ကိုယ်သာ ကလေးကို အစွမ်းကြောင့်နဲ့ အစမပျိုးခဲ့ရင် ဒါပေမယ့် ကိုယ်ကလေးကို အရမ်းချစ်တယ် အရမ်းအရမ်းချစ်တယ်*

My Bunny 🐰[COMPLETED]Where stories live. Discover now