Extra2🐰(uni& zawgyi)

506 36 2
                                    

ဧည့်ခန်းထဲတွင် ကလေးနှစ်ယောက်၏ ဆူညံသံလေးသည် တကယ့်ကို သာယာနာပျော်ဖွယ်ကောင်းလှပေသည်

"အ့ ဟင့် အီးဟီး "

ရုတ်တရက် အရပ်ခပ်ပုပုနှင့် ခန္ဓာကိုယ်လုံးလုံးနှင့် ကလေးလေးသည် ခြေခေါက်ကာ ကြမ်းပြင်ပေါ်လဲတော့ ငိုလေပြီးဖြစ်သည်

"ဟာ တိုတို !!"

Kookလေးတစ်ယောက် သူ့ရဲ့ ကိုကို နှင့်ပြေးတမ်းလိုက်ဆော့ ကစားရင်း ရုတ်တရက် ကိုကိုဖြစ်သူက လဲကျသွားတော့ခါ သူလေး ပြာယာခတ်ရလေပြီးဖြစ်သည်

"ဟင့် အီးဟီး နာယယ် ဟင့်"

"Kook ဘာလုပ်ပေးရမယဲ တိုတို ဟမ် တိုတိုနာယာဟင်"

"နာယယ် ဟင့်"

Vလေးသည် သူ့ရဲ့ ခြေခေါက်ဝတ်လေးကိုလက်ညှိုးထိုး ပြတော့ kook လေးသည် သူ့ကိုကို ခြေထောက်လေးကို ဖွဖွလေး ကိုင်ကာ မနာအောင် နှုတ်ခမ်းဖျားကလေငွေ့ဖြင့် မှုတ်ပေးနေရှာသည်

"ဖွ ဖွ ပျောက်သွားမယ် တိုတို ငိုနဲ့နော် ဟင့် "

"ဟင့် နာယယ်"

တစ်ယောက်က ငိုတော့ နောက်တစ်ယောက်ကလည်း ထပ်ငိုနေတာမို့ နှစ်ယောက်သားသည် ငိုဖော်ဖက်ကို ဖြစ်လို့ရယ်

"ဟဲ့သား!!!!!ဘာဖြစ်လို့ ငိုနေကြတာလဲ!!!"

Jimin တစ်ယောက် အိမ်ကို အလည်လာတဲ့ သားရဲ့သူငယ်ချင်း vလေးအတွက် ရော သားဖြစ်သူစားဖို့အတွက်ရော မုန့်ကလေး လုပ်ကျွေးဖို့ အလုပ်ရှုပ်နေပါတယ်ဆို ဧည့်ခန်းက သားဖြစ်သူနှင့် သားဖြစ်သူသူငယ်ချင်း ငိုသံပါကြားတော့ သူလေး ပြာယာခတ်ရပြီးလေ

သားဖြစ်သူဆီအမြန်ပြေးကာ သားလေး ပုခုံးလေးအား ကိုင်လျက်မေးတော့

"သားဘာဖြစ်တာလဲ"

"ဟင့် ပါးပါး တိုတို ခြေလေး နာသွားပြီး အီးဟီး"

သားက သူ့ကိုကို ခြေထောက်နာကြောင်းရှင်းပြရင်း ငိုနေတာကို ကြည့်ပြီး Jimin စိတ်မကောင်းဖြစ်ရသည်နှင့် လန့်ရတာလည်း တစ်မှု ဘယ်နှယ့် ဒီနေ့မှ သားသူငယ်ချင်းက လာလည်တာကို သူငယ်ချင်းဖြစ်သူက ဒဏ်ရာရရော ဆိုတော့ အုပ်ထိန်းမှုမကောင်းလို့ ဆိုပြီး အပြစ်ဖို့မည်ကို မလိုးလားပေမယ့် ဖြစ်သွားမှတော့ ဘာတတ်နိုင်မှာလည်း ဘယ်လိုမှ ပြန်ပြင်မရတာမို့ သားရဲ့ သူငယ်ချင်းလေးခြေထောက်ကို သေချာစစ်ဆေးရအုံးမည်ဖြစ်သည်

My Bunny 🐰[COMPLETED]Where stories live. Discover now