Chapter 1: Transmigration

802 32 1
                                    

unicode..

ပုံမှန်ဆိုအမြဲနူးညံ့ပြီးကောင်းမွန်တဲ့ယောက်ျားရဲ့စိတ်မရှည်တဲ့အသံကို ယဲ့စူးကြားနေရတယ်..သူ့အသံမှာဒေါသတွေ ပိုများလာပြီးပိုပိုမြင့်တက်လာနေကာ..သူမပေါ်ညှာတာ စိတ်အနည်းငယ်တောင်မရှိတဲ့စကားလုံးများကိုပြောဆိုနေ ခဲ့တယ်။

"မင်းငါပြောတာနားထောင်နေရဲ့လား?"

ယဲ့စူးကခပ်ကြောင်ကြောင်မျက်ဝန်းတွေကိုပြူးကျယ်စွာဖွင့် ကြည့်လိုက်သည်... ခဏလောက်ပတ်ဝန်းကျင်ကိုအသားကျအောင်ကြည့်လိုက်ပီးတော့သူမရှေ့ကဒေါသနဲ့ရုပ်ဆိုး အကျည်းတန်နေတဲ့မျက်နှာကိုပြန်ကြည့်လိုက်သည်။

"ငါဒီလောက်ပြောနေတာကို..မင်း.." ထိုလူကယဲ့စူးကိုထပ် ပြောဖို့ပြင်နေတုန်းမှာပဲသူမကဖြတ်ပြောလိုက်သည်။

"ရှင်ပြောလို့ပြီးပြီလား?" ယဲ့စူးက မေးလိုက်သည်၊ သူမရဲ့အေးဆေးတည်ငြိမ်မှုကထိုယောက်ျား၏ စိတ်တို လွယ်သော သဘောထားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ထိုလူက ဒီအဖြေရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူက အံကြိတ်ရင်း "ဘာလဲ? ယဲ့စူး၊ မင်း-"

ယဲ့စူးကထပ်ပြီးဖြတ်ပြောလိုက်သည်...

"နင်ကတော်တော်နားညည်းတာပဲ..ငါ့နားတွေတောင် တော်တော်ပူနေပြီ"

"မင်း..."

ယဲ့စူးကသူမလက်ကိုင်အိတ်ကိုယူကာထရပ်လိုက်ပြီး

"ကောင်းပြီ..ကျွန်မအရင်သွားနှင့်တော့မယ်"

သူမကထိုလူဒေါသကိုလုံးဝလျစ်လျူရှုကာလျင်မြန်စွာနဲ့ သူ့နားကထွက်လာခဲ့သည်။

သူပြောချင်တာမပြီးသေးဘူးအဲဒိ့ခွေးမကချက်ခြင်းထွက် သွားမယ်လို့သူမထင်ထားဘူး။

ယဲ့စူးကတော့ဂရုမစိုက်ဘူး..သူမကချက်ခြင်းလမ်းပေါ်ကို ရောက်တာနဲ့အငှားကားကိုတားစီးလိုက်သည်။

"မိန်းကလေးဘယ်ကိုသွားမလဲ?"

ကားသမားက မေးရင်းယဲ့စူးကို အကြိမ်ကြိမ်ကြည့်ကာ သူမမျက်နှာကရင်းနှီးနေသလိုဖြစ်နေသည်။

ယဲ့စူးက ခဏလောက်တွေးပြီး စိတ်ထဲမှာပေါ်လာတဲ့မှတ် ဉာဏ်ထဲကလိပ်စာတစ်ခုကိုပြောလိုက်ပီး တက္ကစီကို အမြန်မောင်းဖို့ ပြောလိုက်တယ်။ သူမနောက်ကဒေါသနဲ့ လိုက်လာတဲ့ယောက်ျားကတော့တက်စီရဲ့မီးခိုးငွေ့အလုံး လိုက်ပါးစပ်ထဲဝင်သွားတာပဲဖြစ်သွားသည်။

Former Wife of Invisible ManWhere stories live. Discover now