Chapter 4 : Troublesome Hands

113 18 3
                                    

ယဲ့စူးက ရှက်ရွံ့စွာ ပြုံးလိုက်ကာါင်းကို လှည့်ကာ ချန်ရှုကို ကြည့်လိုက်ပြီး စက္ကန့်ဝက်အတွင်းဆင်ခြေအမြန်ပေးလိုက် သည်။

"ခွေးလေးကသေးပေမယ့်သူ့အစွယ်ေွနဲ့ဟောင်သံက ကြောက်ဖို့ကောင်းတယ်မဟုတ်လား?"

သူ့သံသယကိုရှင်းစေချင်တာမို့ယဲ့စူးကခွေးလေးပေါ် အမြန်အပစ်ပုံချလိုက်သည်။

ခွေးလေးကလဲနားလည်လားမသိဘဲလက်မခံနိုင်ပုံနဲ့နှစ် ခါထပ်ဟောင်လိုက်သည်။

"ဝုတ်..ဝုတ်.."

ကြည့်လေ...ခွေးဟောင်သံကဘယ်လောက်ကြောက်ဖို့ ကောင်းလဲ...

ဤတစ်ကြိမ်တွင်ချန်းရှုကပုံမှန်အတိုင်း တိတ်ဆိတ်နေ သော်လည်း ယဲ့စူးကို ဆယ်စက္ကန့်ကြာအောင် စိုက်ကြည့် နေသည်။

အံ့သြစရာကောင်းစွာ ချန်းရှုမျက်ဝန်းမှာအဓိပ္ပါယ်အချို့ ပါနေသလိုထင်ရကာထိုမျက်ဝန်းကိုကြည့်ပြီးယဲ့စူးကအမှန် ကိုဝန်ခံချင်စိတ်တောင်ပေါက်သွားသည်။

အရမ်းကိုဖိအားမြင့်လာချိန်မှာပဲချန်းရှုကမျက်နှာလွှဲပြီး ဓါတ်လှေကားဆီကိုလျှောက်သွားလိုက်သည်။အဲဒိ့တော့ မှယဲ့စူးကအသက်၀၀ရှုနိုင်တော့ကာသူ့နောက်ကအမြန် လိုက်သွားလိုက်သည်။

——-

အိမ်ရောက်ပြီးမကြာခင်မှာပဲ..ယဲ့စူးဆီချန်းအိမ်တော်က ဖုန်းဆက်လာကာသူမနဲ့ချန်းရှုကိုချန်းအိမ်တော်မှာညစာ လာစားဖို့ဖြစ်သည်။ ချန်းရှုကအမြဲတခြားလူနဲ့ဆက်သွယ် ရတာမနှစ်သက်တာမို့ချန်းသခင်ကြီးကသူမကိုဆက်ပြီး ပြောတာဖြစ်သည်။

ချန်းရှုအခန်းကသူမအခန်းနဲ့ဝေးတယ်..အခန်းတံခါးကို ပိတ်ပြီးနောက်သူကသူ့ကမ္ဘာမှာပဲနေတက်တာများပြီးအ ပြင်ကိုထွက်မလာသလောက်ဖြစ်သည်။

ယဲ့စူးကအချိန်အနည်းငယ်စဉ်းစားပြီးတော့မှဘယ်မလိုမှ မတက်သာစွာနဲ့တံခါးခေါက်လိုက်ကာချန်းရှုကိုအနှောက် အယှက်ဖြစ်မှာစိုးစွာအသံတိုးတိုးနဲ့ခေါ်လိုက်သည်။

"ချန်းရှု."

ခဏကြာအထိဘာတုန့်ပြန်မှုမှမရှိဘဲတိတ်ဆိတ်နေတယ်။ ဒါပေမယ့်ဒီအခန်းထဲချန်းရှုဝင်သွာတာသူသေချာမြင်လိုက် တယ်။ ယဲ့စူးကတံခါးထပ်ခေါက်ဖို့ပြင်လိုက်တုန်းမှာပဲ တံခါးကဘာအသံမှမကြားရဘဲချက်ခြင်းပွင့်သွားသည်။ ချန်းရှုကအမူယာမရှိတဲ့မျက်နှာနဲ့သူမကိုကြည့်လာသည်။ ယဲ့စူးကအမြန်ပဲသူမပြောချင်တာကိုပြောလိုက်သည်။

Former Wife of Invisible ManWhere stories live. Discover now