Chapter 7

85 11 3
                                    

ယဲ့စူးကတော့ညစာစားပွဲကိုအလွန်စိတ်ကျေနပ်နေပေမယ့် ဇာတ်လိုက်ချန်းရွှီနဲ့ဇာတ်လိုက်မချောင်ယင်တို့ရဲ့ပြန် ပေါင်းထုပ်ပြီးပထမဆုံးညစာဒိတ်လေးကမလိုလားအပ်တဲ့ ဧည့်သည်နှစ်ယောက်ကြောင့်ပျက်စီးသွားပြီးသူတို့လဲ ခံစားချက်တွေလဲမကောင်းဖြစ်ရသည်။

အမှန်အတိုင်းပြောရရင် ချန်းမိသားစုနဲ့ မိတ်ဖွဲ့ဖို့အတွက် ချောင်ယင်ကဒီလိုစီစဉ်လိုက်တာဆိုပေမယ့်သူတို့နှစ် ယောက်ရဲ့ပထမဆုံးဒိတ်ကဒီလိုအဆင်မပြေဖြစ်သွားမယ် လို့မထင်ခဲ့မိဘူး.. ယဲ့စူးကမျက်နှာမဲမှောင်နေတဲ့ ချန်းရွှီကို ကြည့်ပြီးကြိတ်ပြုံးလိုက်သည်။

ပြန်တဲ့အချိန်မှာတော့ယဲ့စူးကချန်းရှုလက်မောင်းကိုသွားမ ကိုင်မိဖို့သတိထားနေရတယ်..အရင်တစ်ခေါက်ဖြစ်ပြီးထဲ ကသူမကိုယ်သူမသတိပေးနေရတယ်။နောက်တစ်ခါထပ် ဖြစ်ရင်ချန်းရှုကသူမပုံမှန်မဟုတ်တာကိုရိပ်မိသွားမှာသေ ချာတယ်။ဒါပေမယ့်သရဲတွေကိုကြောက်တာမို့ချန်းရှု နောက်ကနေကပ်ပြီးအမြန်လျှောက်ရသည်။

ဓာတ်လှေကားကိုစောင့်ရင်း အရက်သောက်ပြီး ထွက်လာ သည့် လူတစ်စုကို မြင်လိုက်ရကာချန်းရွှီ မျက်လုံးများ တောက်ပသွားသည်..ထိုလူတွေက Huarui ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိများဖြစ်တာကိုအားလုံးသတိထားမိ လိုက်ကြသည်။

ချန်းရွှီကခပ်လှမ်းလှမ်းထဲကဝမ်ချွမ်ကိုနှုတ်ဆက်လိုက်၏ ဝမ်ချွမ်ကရုပ်ရှင်ထုတ်လုပ်ရေးပိုင်းကအရာရှိဖြစ်သည်။

ချန်းရွှီကသူနဲ့မကြာခင်ကပူးပေါင်းမယ့်ကိစ္စပြောခဲ့ပေမယ့် နောက်ဆုံးမှာကျရှုံးခဲ့တယ်။

"ဥက္ကဌချန်းနဲ့တူတူလာတာလား?" ချန်းရွှီ သွယ်ဝိုက် တဲ့နည်းဖြင့် ချဉ်းကပ်မေးမြန်းလိုက်သည်။

ဝမ်ချွမ်ကစက္ကန့်နဲနဲလောက်တုန့်ဆိုင်းသွားပြီး..

"ဥက္ကဌချန်း..."

အကြီးတန်းအရာရှိတွေရဲ့မျက်ဝန်းတွေကချန်းရှုဆီကိုဝေ့ ဝဲသွားပေမယ့် ချန်းရှုကတစ်ခုခုကိုတွေးနေပုံနဲ့ခေါင်းငုံ့ ကာနေရာမှာပဲရပ်နေတာကိုတွေ့ရကာပင်ပန်းနေပုံရပြီး ဒီမှာဆက်နေချင်ပုံမရနေ။

You've reached the end of published parts.

⏰ Last updated: Mar 10 ⏰

Add this story to your Library to get notified about new parts!

Former Wife of Invisible ManWhere stories live. Discover now