Welcome to A.O.B World Part 6

503 44 3
                                    

Welcome to A.O.B World
Part6

ထယ်​​ယောင်း​ကြောင်​အ​နေစဉ်​မာပင်​​ဂျောင်​ကုကသူ့နှုတ်​ခမ်းများအား ရန်​သူသဖွယ်​နမ်းရိက်​​နေသည်​။သတိပြန်​လည်​လာ​တော့​ဂျောင်​ကုအားအတင်းရုန်းကာတွန်းလွှတ်​လိုက်​သည်​။ သို့​ပေမယ့်​သူ့အား​လေးက Dominant Alphaအားကိုအဘယ်သို့ယှဉ်​နိုင်​မည်​နည်း။အနည်းငယ်​ခွာသွားရုံပဲတတ်​နိုင်​သည်​။ ထယ်​​ယောင်းစိတ်​လှုပ်​ရှားစွာနဲ့ပဲ သူ့ရဲ့လာဗင်​ဒါ ​ဖယ်​ရိုမုန်းများကိုထုတ်​လွင့်​လိုက်​မိသည်​။

ဂျောင်​ကုထယ်​​ယောင်းအနားကပ်​ကာစကား​ပြော​လိုက်​​တော့သူ့အားမျက်​လုံးဝိုင်းများဖြင့်​ကြည့်​ကာအံ့သြ​နေပုံကိုကြည့်​ပြီး မ​နေနိုင်​စွာပင်​နှုတ်​ခမ်း​လေးကို သတိလွတ်​စွာနမ်းမိသည်​။ သူသတိရလာတဲ့အခါကျထယ်​​ယောင်းကသူ့အား​ကြောက်​သလိုကြည့်​လာသည်​။ မကြည့်​ပါနဲ့ အဲ့လိုမျက်​ဝန်းမျိုးနဲ့ ကိုယ်​ကချစ်​လွန်းလို့ လုပ်​လိုက်​မိတာပါ။စိတ်​ထဲတွင်​သာ ​တောင်းပန်​​နေမိတာအပြင်​မှာ​တော့ ခပ်​တည်​တည်​မျက်​နှာ​ပေးနှင့်​သာ။

"ဘာလဲ​ထယ်​ရဲ့ ​နမ်းတာ​လေးကိုဖြစ်​​နေတာ ​နောက်​ဆိုကိုယ်​တို့ကလက်​ထပ်​ရ​တော့မာ​လေဒီ့ထက်​​တောင်​အဆင့်​တက်​ရအုံးမာ "
ခနဲ့တဲ့တဲ့ဆိုလာတဲ့စကား​တေ​ကြောင့်​ထယ်​​ယောင်း​ဒေါသထွက်​မိပါသည်​။အရင်​က​ဂျောင်​ကုကဒီလိုမှမဟုတ်​တာ သူ့မိဘ​တေ​ပြောတဲ့စကားကိုပြန်​စဉ်းစားမိ​တော့ တို​နေတဲ့စိတ်​ကိုအသာထား ​ဂျောင်​ကုအားမျက်​နှာချို​သွေးရ​တော့သည်​။

"ငါဒီကိုလာတာ မင်းနဲ့စကား​ခြေတင်​ဖိဖို့မဟုတ်​ဘူး​ဂျောင်​ကု လက်​ထပ်​ဖို့ကိစ္စလာ​ဆွေး​နွေးတာ မင်းလဲငါ့ကိုတကယ်​မချစ်​ပဲ လက်​ထပ်​ရမာဖိသလို ငါကလဲငါ့မိဘ​တေဖို့ပဲမင်းကိုလက်​ထပ်​ရမာ"
ထယ်​​ယောင်းတ​တျောက်​စိတ်​တိုတို နဲ့​ဂျောင်​ကုအား ရင်​ထဲမရှိသည့်​စကားကို​ပြောလိုက်​သည်​။သူဒီချိန်​မှာ ​ဂျောင်​ကုပုံကိုကြည့်​ပြီးစိတ်​တိုတာပဲသိသည်​။

ဂျောင်​ကုကခုံမှာပြန်​ထိုင်​လိုက်​ပြီး​ဆေးလိပ်​တလိပ်​အားဗူးထဲမှထုတ်​ကာဂရုမစိုက်​သလိုမျက်​နှာ​ပေးနှင့်
"မင်းကို မချစ်​ပဲနဲ့လက်​ထပ်​မယ်​ဆိုတာမင်းဘယ်​လိုသိလဲ ထယ်​ မင်းလဲကိုယ့်​ကိုမိဘ​တေတွက်​လက်​ထပ်​ခဲ့တာပဲမဝုတ်​ဘုးလား"
ဂျောင်​ကု​ပြောတာမှန်​​နေ​သော်​လည်းသူ့အားမချစ်​ဘူးဟု​ပြောလိုက်​​သော​ဂျောင်​ကုစကား​ကြောင့်​သူစိတ်​ထဲမှာဘာကိုဘဝင်​မကျလဲမသိ။တခုခုလို​နေသလို။

Welcome To Omegaverse Where stories live. Discover now