တောင်းဆိုလွှာ

12.9K 453 21
                                    

(မောင့်တွယ်တာရာ)

အားလုံးပဲ ထပ်တွေ့ကြပြန်ပြီပေါ့နော်။
နဒီ ဒါလေးကိုရေးဖို့အများကြီးလေ့လာနေတာကြာပါပြီ။
အခုအကောင်အထည်ဖော်ပါတော့မယ်။
ရေးလက်စ WL လေးကိုလည်း အားရင်အားသလို Updateပေးမှာပါ But ဒီရပ်ဝန်းလေးကို နဒီအဆုံးအထိဖန်တီးချင်တာမို့လို့ WLလေးက Updateမှန်မှာမဟုတ်ပါဘူး။
ဒါအတွက် နဒီတောင်းပန်ချင်ပါတယ်။

ကြားထဲမှာ ဟိုဟာUnလိုက် ဒီဟာUpdateကြာလိုက်နဲ့ တစ်ယောက်ထဲဂဂျိုးဂဂျောင်ဖြစ်နေတဲ့ အတွက်အများကြီးအားနာမိပါတယ်။
(မောင့်တွယ်တာရာ) ကိုတော့ နဒီအဆုံးအထိ ဖန်တီးသွားမှာပါ။ ဒါကိုတော့ယုံကြည်လို့ရပါတယ်။

နဒီ အရင်လတွေမှာ ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်။
"ငါ့စာတွေကို စာဖတ်သူတွေဖတ်ရင်း ဘာတွေရသွားကြလဲ" ဆိုတဲ့မေးခွန်းပါ....
နဒီ့စာတွေကတဆင့် စာဖတ်သူတွေကို အကျိုးရှိတာလေးတွေ နဒီလက်လှမ်းမှီသလောက် နဒီသိသလောက်လေးပြန်shareချင်မိတယ်။
ဒီအတွေးကတော့ နဒီ့ခေါင်းထဲနေရာယူလာတာသိပ်မကြာသေးပါဘူး။

ဒါကြောင့် (မောင့်တွယ်တာရာ) မှာနဒီ စာဖတ်သူတွေအတွက် နဒီသိသလောက်ဗဟုသုတလေးတွေထည့်ပေးပါ့မယ် နဒီ့ထက်ပိုပြီး ဗဟုသုတစုံတဲ့သူများပါခဲ့သည်ရှိသော် အမှားရှိရင်ထောက်ပြပါလို့နဒီတောင်းဆိုချင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ နဒီ(မောင့်တွယ်တာရာ) အတွက် ဆရာမဂျူးဖန်တီးထားတဲ့ (ဆုံနေရက်နဲ့လွမ်းနေခြင်း) ဆိုတဲ့ဝတ္ထုလေးကနေ အနည်းငယ် မှီငြမ်းထားပါတယ်။ ဝတ္ထုတစ်ပုဒ်လုံးကူးယူထားတာလည်းမဟုတ်သလို ဇာတ်လမ်း အစ အလယ် အဆုံးတစ်ခုမှတူညီမနေပါဘူး။

နဒီက ပြသနာတွေဆိုရှောင်ချင်တဲ့သူမို့လို့ နောက်ပိုင်းမှ ကူးယူထားပါတယ်လို့အပြောမခံနိုင်ပါဘူး။ နဒီ့ဇာတ်ကောင်နှစ်ဦးရဲ့ဘဝတည်ဆောက်ပုံနဲ့ ဆရာမဂျူးဖန်တီးထားတဲ့ဇာတ်ကောင်နှစ်ဦးရဲ့ဘဝတည်ဆောက်ပုံကို အနည်းငယ်ဆင်တူထားတာပဲရှိပါတယ်။

နဒီပြန်ပြောပါ့မယ် ဇာတ်လမ်းက အစ အလယ် အဆုံးတစ်ခုမှတူညီနေတာမရှိပါဘူး။ နဒီ့အတွေးတွေနဲ့ပဲဖန်တီးမှာမို့လို့ ကူးယူတယ်ဆိုတဲ့စကားများနဲ့ မထိုးနှက်ဖို့တောင်းဆိုပါရစေ။

မောင့်တွယ်တာရာWhere stories live. Discover now