အပိုင်း(၁၂)

3.3K 363 40
                                    

Unicode version,

တိုးကြိတ်နေသောလူအုပ်ကြီးအလယ်တွင် အသဲအမဲမသေရုံတမယ်ထိုးနှက်နေကြသော လူနှစ်ယောက်ဟာ ကိုယ်စီဒဏ်ရာအသီးသီးရနေကြပါသော်လည်း နာရကောင်းမှန်းမသိ....

လူအုပ်ကြီးဟာလည်း ထိုလူနှစ်ယောက်၏အမည်နာမအား အလုအယက်ခေါ်ကာအားပေးနေကြသော်လည်း ထိုအားပေးသံတွေသည် အမှန်တကယ်ခွန်အားတော့ဖြစ်ပုံမရပေ။

အဘယ်ကြောင့်ဆိုသော်ထိုလူနှစ်ယောက်၏အသက်အားငဲ့ကွက်ခြင်းမပြုပါပဲ လောင်းကြေးထပ်ကာ နိုင်အောင်ထိုးနှက်နိုင်သောလူဘက်မှ လောင်းကြေးထပ်ခဲ့လျှင် သူတို့နိုင်မည်ဟုတွေး၍ အားပေးအားမြှောက်ပြုနေကြခြင်းပေ။

ထိုချိန် တီရှပ်လက်တိုတစ်ခုလုံးချွေးများရွှဲရွှဲစိုကာ ညာဘက်မျက်လုံး၌ညိုမဲစွဲနေသော ဂျောင်ကုအား တဖက်ပြိုင်ဘက်မှ ရင်ဝအရှိုက်တည့်တည့်အား အားပြင်းပြင်းဖြင့်ကန်လိုက်ချိန် ဟန်ချက်ပျက်သွားကာကြိုးဝိုင်းအလည်၌ လဲကျလေသည်။

အမှန်ဆိုဒီကစားပွဲမှာ ခြေထောက်အသုံးပြုလို့မရဘူးဆိုတာ သိရက်နဲ့တမင်ပွဲကိုညစ်ကာ ခြေထောက်သုံးခဲ့သောကြောင့် ဂျောင်ကုခံလိုက်ရပေသည်။

မျက်လုံးတဖက်သည်လည်း အောင့်တက်လာကာအရှိုက်အားအကန်ခံလိုက်ရသည့်ပြင်းအားကြောင့် ဂျောင်ကုမထနိုင်တော့။ ထိုချိန်နားထဲကြားနေရသော ကြိုးဝိုင်းအောက်ရှိလူများ၏အသံဟာနီးလာလိုက် ဝေးသွားလိုက်ဖြင့်နားတစ်ခုလုံးလည်း အူနေသလိုပင်။

တစ်ကိုယ်လုံးအရိုးတွေကျိုးကြေသွားသလို ရပ်တည်နိုင်စွမ်းမဲ့နေသောကြောင့် ဘေးတွင်ရှိသောပွဲဒိုင်ဟာ ဆယ်စက္ကန့်ဆိုသည့်အချိန်ကို စတင်ရေနေလေပြီ။ ဂျောင်ကုဒီပွဲကို ရှုံးပါပြီ။ စိတ်ကိုလျှော့ချပစ်ကာ အရှုံးခံရန်ပြင်ဆင်ပြီးကာမှ နားထဲတိုးဝင်လာသော ရှိုက်သံတစ်ခု....

ဒီလူအုပ်ကြားထဲမှ ချစ်ရသူရှိမနေဘူးဆိုတာ ဂျောင်ကြအတိအကျကိုသိပါသော်လည်း နားထဲကြားယောင်နေသော ရှိုက်သံသဲ့သဲ့လေးဟာ နှလုံးသားတစ်ခုလုံးအားပွန်းပဲ့သွားမတက်ပင်။

မောင့်တွယ်တာရာWhere stories live. Discover now