Episode 26

2.3K 141 4
                                    

သားကြီးကိုိကုမ္ပဏီရ့ဲကိစ္စအ၀၀ကိုတာ၀န်ပေးလိုက်တည်းက သူအိမ်မှာအားနေတ့ဲအချိန်ဆိုတာပြောရမယ်ဆိုတစ်နေကုန်နီးနီးဖြစ်နေသည်။ ခြံထဲကပန်းပင်ရေလောင်းပြီးတာန့ဲ ဒန်းဘေးနားကထိုင်ခုံလေးတွင်ထိုင်လိုက်သည်။
သားငယ်အကြောင်းတွေလည်းသူသိသင့်သလောက်သိထားပြီးပြီဖြစ်သည်။ ထိုကောင်လေးန့ဲပြန်အဆင်ပြေပြီးထဲကအရင်လိုဆိုးသွမ်းနေတာမျိုးတွေလည်းမလုပ်တော့ပေ။ သို့သော် သူနှင့်ရောဘယ်အချိန်မှအဆင်ပြေလာလိမ့်မလဲ။ သူရှိနေစဉ်အခါမှာတော့ သား၂ယောက်လုံးန့ဲချစ်ချစ်ခင်ခင်နေသွားချင်ပါသေးသည်။

ခြံထဲသို့သားကြီးရ့ဲကား၀င်လာသည်။ ဘေးတွင်သူ့ကောင်လေးဖြစ်သူလည်းပါလာသည်။ သားနှစ်ယောက်လုံးရ့ဲဖြစ်တည်မှုတိုင်းကိုသူလက်ခံပေးထားပါသည်၊ထို့အတွက်သားနှစ်ယောက်လုံးလည်းပျော်ရွှင်နေတာကြောင့်သူလည်းစိတ်ချမ်းသာနေရသည်။

"ဟော သားကြီးပြန်လာပြီ"

ကားပေါ်မှ သားကြီး၏ကောင်လေးသည် သားကြီးမဆင်းခင်သူအရင်ဆင်းကာတံခါးအရင်ဖွင့်ပေးသည်။

"ဟုတ်အဖေ"

"အန်ကယ် မင်္ဂလာပါ"

သားကြီး၏ကောင်လေးဖြစ်သူသည် သူ့အားရိုရိုကျိုးကျိုးနှုတ်ဆက်သည်။

"အေးကွယ် ထမင်းရောစားလာပြီးကြပြီလား"

"မစားရေသးဘူးဗျအစ်ကိုက အိမ်ကျမှစားဆိုလို့ လိုက်လာတာ ဟီးဟီး"

ကောင်လေးသည် သားကြီးထက်ငယ်ပုံရကာ ပေါင်းတက်သင်းတက်ပြောတက်ဆိုတက်လေးဖြစ်ကာချစ်မွှေးလည်းပါသည်။ သားကြီးကသူ့ကောင်လေးကိုအိမ်ခေါ်လာပြီဆိုတော့ သားငယ်လေးကရော။

"ငါအလုပ်လုပ်နေတယ်လို့ပြောနေတာ ၃၈၆ခေါက်လောက်ရှိတော့မယ်"

သူအလုပ်လုပ်နေတာကိုအနားမှထိုင်ကာအနီးကပ်နှောင့်ယှက်နေသူသည် မနက်မိုးလင်းထဲကအခုထိတစ်ဖဝါးမှမခွာ။ အိမ်သာတက်တာတောင်အိမ်သာထဲထိလိုက်လာမှာဆိုးလို့တားရသေးသည်။ဒီနေ့မှဘာဖြစ်ချင်နေမှန်းမသိ ။

"မောင်က ချစ်လို့လေ ငြိုငြင်လာပြီလား"

".........."

You're My Park Filter(Complete)Onde as histórias ganham vida. Descobre agora