Episode 27

2.1K 136 3
                                    

သူန့ဲဲဂျီမင်ချစ်သူဖြစ်တာ၃လလောက်ရှိပြီဖြစ်သည်။ အစစအရာရာအလျှော့ပေးကာအစွမ်းကုန်တက်နိုင်သမျှချစ်ပေးနေတာကြောင့် ဂျီမင့်လည်းပျော်ရွှင်နေသည်မှာ မေးနေစရာတောင်မလို။သို့သော် အ့ဲနေ့ကပြသာနာကအခုထိမပြီးနိုင်သေးပေ။ တရားခံကခေါက်ဆွဲဆံပင်ကေန့ဲကောင်ကြောင့်ဖြစ်သည်။ ထိုအနှီခေါက်ဆွဲကောင်သည်သူ့အားရရင်ရသလိုချွန်တွန်းလုပ်ကာ လစ်တ့ဲအကွက်စောင့်ကာ ဂျီမင်န့ဲသူကြားကတောက်ကဆဖြစ်ရလောက်အောင်ဆေးထိုးလွန်းသည်။

"လာမထိန့ဲလို့ဆို"

"ဂျီမင်ကလည်းကွာ မောင်ရှင်းပြပြီးပြီကို မပြီးသေးဘူးလားပြော"

ရေချိုးခန်းထဲမှထွက်လာသူကိုအနောက်ကနေသိမ်းကျုံးဖက်လိုက်မိတော့ တံတောင်များန့ဲတွန်းထိုးကာဖယ်စေသည်။

"အော် မင်းကစိတ်မရှည်ဘူးပေါ့ ဟုတ်လား "

"မဟုတ်တာ  မောင်ရှည်ပါတယ် တကယ်ရှည်တယ်"

"အရှက်မရှိ ပေါက်ပန်းလေးဆယ်စကားတွေပြောလာမနေန့ဲ "

ခါးကိုဖက်ထားသည့်လက်ကို ဆက်ခနဲရိုက်ချကာပြောသည်။

"မောင် ပြောတာစိတ်ရှည်တယ်ကိုပြောတာပါ ဂျီမင်ရာ စိတ် စိတ်"

" မင်းဟာမင်းဘာပဲရှည်ရှည် ဖယ်နော် အခုဖယ်"

အတင်းရုန်းလာတ့ဲအခါ သူလည်းလွှတ်ထွက်မသွားအောင်အားကုန်သုံးနေရသည်။

" နာကုန်တော့မှာပဲ ငြိမ်ငြိမ်နေလေကွာ မောင်အေးဆေးပြောမလို့ကို"

"အ့ဲဒါဆို အ့ဲလက်တွေကိုလွှတ်"

"အိုခေ အိုခေ လွှတ်မယ်"

သူလက်ကိုလွှတ်ပေးလိုက်တော့ ကုတင်ပေါ်တွင်ခြေထောက်ချိတ်ထိုင်ကာ လက်ပိုက်ထားရင်း မင်းရှင်းစမ်းဆိုတ့ဲမျက်နှာထားမျိုးန့ဲ ။ တကယ်အသဲယားစရာလေး။

"ဒီလိုကွာ အ့ဲနေ့ကကိစ္စကမောင်တကယ်တောင်းပန်တယ် တကယ် တကယ် မောင်သတိမထားမိသွားတာမောင့်အမှား "

မောင့်ကိုသူတကယ်ထုရိုက်ပစ်ချင်နေတာဖြစ်သည်။ သူန့ဲ ဒိတ်ဖို့ကို ကိုယ့်ဘက်ကအလုပ်ကမအားတာန့ဲနေ့ရွှေ့ညရွှေ့လုပ်နေတာ ကိုသူကအကုန်စီစဉ်ထားပါ့မယ် ဂျီမင်ကစောင့်နေရုံပဲဆိုလို့ ပြင်ဆင်ပြီးစောင့်နေလိုက်တာ ညနေစောင်း၆နာရီခွဲကနေ ၉နာရီကျော်တ့ဲထိ ရောက်မလာဘူး။

You're My Park Filter(Complete)Where stories live. Discover now