Ep-1

13.6K 413 29
                                    

Ep-1

အမှတ်မထင်တွေ့ဆုံခဲ့တဲ့ မင်းက
ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာတယ်

အခန်း(၁)

အသက် ၂၃နှစ်အရွယ် ရှိန်းစက္ကမင်းက Blackဂိုဏ်းရဲ့ မာဖီးယားခေါင်းဆောင်တစ်ဦးဖြစ်သလို Polaris star company က ECO လဲ ဖြစ်တဲ Billionတစ်ဦးဖြစ်သည်။

သူသည် ပိုင်ဆိုင်လိုစိတ်ပြင်းပြသူ ၊ အေးစက်မာနကြီးပြီးကရုဏာကင်းသူဖြစ်ပြီး အလိမ်အညာတွေကိုလည်းမုန်းတီးသည်။ သူ့မှာ ငွေကြေး၊ အောင်မြင်မှု၊ အင်အား၊ သူလိုချင်တာမှန်သမျှ အကုန်ရှိ သည်။ဘယ်သူကမှ သူကို မဖီဆန်ဝံ့ပေ။

သူ့၏လုပ်ငန်းသည် မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်များနှင့် ကာစီနိုလောင်းကစားရုံများ၊ နိုင်ငံတစ်ကာမှာရှိတဲ့ ဟိုတယ်များလေကြောင်းလမ်းနဲ့ အခြားသော လုပ်ငန်းပေါင်းများစ္စာပါရှိသည်။

သူ့စည်းစိမ်ဥစ္စာများမှာ စိတ်ကူးယဉ်ထားတာထက် ကျော်လွန်ပြီး လူတိုင်းက သူ့ကိုအာရုံစိုက်ကာတစေ့တစောင်းနဲ့ တောင်းတကြပေမယ့်
နတ်ဘုရားတွေတောင်မှ သူ့ကို အိမ်ထောင်ပြုဖို့ အတင်းအကြပ် မလုပ်နိုင်ပါဘူး။

“ငါ့ဘဝမှာမိန်းမ မလိုအပ်ဘူး။ ရည်းစားကအနှောင့်အယှက်ဖြစ်စေ တယ်၊ မယားက ပြဿနာဖြစ်စေသလို  အိမ်ထောင်ဖက်ကလည်း ဒုက္ခရောက်စေတယ်။”

ရှိန်းအလုပ်ကိစ္စတွေ ပြီးတော့ဦးနှောက်ဆေးရန်ကားမောင်းထွက်လာခဲ့သည်။

ထိုအချိန်အမှောင်ထုရဲ့ တိတ်ဆိတ်ခြင်းနဲ့ အတူ ကားလမ်းတစ်လျှောက်လမ်းပြေးလွှားနေသောပြိုင်ကား အနက်ရောင်လေး ရဲ့ မောင်းနှင်သူ ကတော့မှိုင်းညို့သဝဏ်လွှာ ....

မှိုင်းညို့သ၀ဏ်လွာ အသက် 17 အရာရာမှာ လျို့ဝှက်စွာ နေတတ်သူ တစ်ဦးဖြစ်ပြီး LA ကနေမကြာသေးခင်ကမှ မြန်မာနိုင်ငံကို ပြောင်းရွေ့လာသူတစ်ဦးဖြစ်သည်။

အေးဆေးစွာနေတတ်ပြီး လက်ရှိ ဒီပတ်ဝန်းကျင်သစ်တစ်ခုလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် International school တွင် ဆည်းဆာငယ် ဆိုတဲ့ နာမည်နဲ့အထက်တန်းကျောင်းကို တတ်သူဖြစ်သည်

 No Escape Where stories live. Discover now