Ep-6
ကျစ်....ငယ်ကို သွားကြိုဖို့တောင်နောက်ကျနေပြီ .....
ရှိန်း....ငယ်ကို ကြိုရန် နောက်ကျနေသဖြင့် ကားကို အမြန်နှုန်းဖြစ် မောင်းနှင်လာခဲ့သည်
ဆည်းဆာ ဒီနေ့ ဟိုလူကြီးနဲ့ချိန်းထား၍ တမင်နောက်ကျစေရန် ကားမယူပဲ ခြေလျင်ပြန်ရန်သာဆုံးဖြတ်လိုက်ပြီး
လမ်းထောင့်တစ်နေရောက်တော့ ကျောင်းသားနှစ်ဦးက ဆည်းဆာရှေ့ပိတ်ရပ်လိုက်ပြီး
“ဆည်းဆာလေး ကိုယ်မင်းလေးကို ပြောစရာရှိလို့....”
......
ဆည်းဆာလှည့်ထွက်မယ်လုပ်တော့ ဆည်းဆာလက်ခုံပေါ် ဖျက်ခနဲ ဆုပ်ကိုင်လာတဲ့ လူရဲ့လက်ဖတ်ကြောင့် ဆည်းဆာမော့ကြည့်လိုက်တဲ့အချိန်မှာပဲ ရိပ်ခနဲ ဝင်လာတဲ့ ခြေထောက်တစ်ဖက်က ထိုကျောင်းသားရဲ့ မေးရိုးတစ်ဖက်ပေါ်ကျကျနန ကြီး မိတ်ဆက်သွားသည်။
“ကဲကွာ...”
“ခွပ်...”
“ဒုတ်...”
“အား ...”
အဖြစ်အပျက်က မြန်ဆန်လွန်းတာမို့ ဆည်းဆာအရှေ့ကလဲကျသွားတဲ့ ကျောင်းသားကို ကြည့်ရင်း တစ်ဖက်လူကို ဖျက်ခနဲ မော့ကြည့်လိုက်သည်။
“ဟင်... ခင်ဗျား...”
“ဟုတ်တယ်... ကိုယ်ပဲ...”
“ဟိတ်ကောင် ...ထစမ်း၊
“ခွပ်....ခွပ်...”,
“ မင်းတို့အခုထွက်သွားတော့၊နောက်တစ်ခါ ငါ့ငယ်ကို လက်ဖျားနဲ့ ထိဖို့ မပြောနဲ့ သူ့အရိပ်ကို တောင်မင်းမော်မကြည့်မိစေနဲ့ ကြားလား...”
“ဟုတ်... ဟုတ်ကဲ့ ကြား....ကြားပါတယ်...”
“လာခဲ့...သွားမယ်...”
“ဒါဘယ်လဲ...ခင်ဗျား ....”
ရှိန်းက ငယ်မမေးကို မဖြေပဲ ငယ်လက်ကို ပိုင်စိုးပိုင်နက် ဆွဲကိုင်ကာ ထိုနေရာမှခပ်ကြမ်းကြမ်းလာ ဆွဲခေါ်သွားသည်
“ခင်ဗျား ဘာလုပ်တာလဲ....ကျွန်တော် လက်ကိုလွှတ်နော်....”
“မလွှတ်ဘူး....”
ဆည်းဆာ ရုန်းနေပင်မဲ့ သူကမလွှတ်... ဒေါသအလျောက်ဆွဲခေါ်လာပြီး
YOU ARE READING
No Escape
Romanceမင်းနဲ့ ပတ်သတ်တဲ့အရာရာတိုင်းကကိုယ့်အပိုင်ပဲဖြစ်ရမယ်ငယ် ရှိန်းစက္ကမင်း ကျွန်တော်ကိုကို ထားမသွား၍ ကိုကိုအနားမှာပဲရှိနေပေးမှာပါ ဆည်းဆာငယ်