အခန်း ၁၂၁ - စိတ်ကြီးဝင်နေသည့် ဆန်ကုန်‌မြေလေးကောင်
881 67 1
အခန်း ၁၂၁ - စိတ်ကြီးဝင်နေသည့် ဆန်ကုန်‌မြေလေးကောင်
လော့ယန်သည် လူနာတင်ကားမောင်းထွက်သွားသည့်တိုင် ထိုနေရာတွင် မူးဝေစွာ ရပ်နေမြဲ။ တိတ်ဆိတ်နေပုံမှာ ထိတ်လန့်ဖွယ်ပင် ကောင်းတော့သည်။
စုကျစ်ယန်သည် အနီရောင်သမ်းကာ ရောင်ရမ်းနေသည့် သူ့ပါးပြင်ကိုကြည့်ကာ သည်းမခံနိုင်တော့ဘဲ ဆွဲကိုင်ကာ ခေါ်သွားရန် ကြိုးပမ်းလေသည်။ သို့သော် လော့ယန်ကလှည့်လာကာ ငြင်းဆန်လေသည်။
လင်ကျန်းရီ ခြေတစ်လှမ်းတိုးကာ စုကျစ်ယန်ကို တားဆီးရင်း  ယခုအချိန်မှာ လော့ယန်ကို နားချနိုင်မည်မဟုတ်ကြောင်း အရိပ်အမြွက်ပြလိုဟန်ဖြင့် ပေါ့ပါးသွက်လက်စွာ ခေါင်းညိတ်ပြလိုက်ပါ၏။
သူတို့ကြားခဲ့ရသော ထိုအမျိုးသမီး၏အသံသည် သူတို့ကိုစိတ်ကသိကအောင့်မဖြစ်စေဘူးဟု ပြောလျှင် လိမ်တာသာဖြစ်သည်။သို့သော် လော့ယန်နှင့် အတူရှိနေပေးရန် ဆုံးဖြတ်ထားကြသည်။
လော့ယန်သည် အခြားသူများကို လက်မလွှတ်‌ပေးခြင်း သို့မဟုတ် စိတ်ဒုက္ခပေး၍ နှောက်ယှက်မည့်လူမျိုး မဟုတ်ကြောင်း သူတို့ နားလည်ကြသည်။
ချစ်ခဲ့ကြတာက နှစ်ဦးနှစ်ဖက်ဆိုသော်လည်း ထိုအမျိုးသမီးစွပ်စွဲနေချိန်၌ တစ်ကယ်တမ်း လက်မလွှတ်ပေးဘဲ မရပ်မနား နှောင့်ယှက်ခဲ့သည်မှာ သူမ၏သားဖြစ်နိုင်ကြောင်း ဘာကြောင့်မတွေးခဲ့ရပါလိမ့်။
"လော့ယန် ကားပေါ်အရင်တက်။ ရှောင်ရှော့်အခြေအနေသိရဖို့ ဆေးရုံအရင်သွားရမယ်လေ"
နောက်ဆုံးတော့ စုကျစ်ယန်တစ်ယောက် မနေနိုင်တော့သည်မို့ သူ့ပါးစပ်ကို ဖွင့်ဟလာလေပြီ။
လော့ယန်၏ ခန်ဓာကိုယ်မှာ တုန်ရီနေခဲ့ပြီးဘာမျှမပြောဘဲ နောက်လှည့်ကာ ကားဆီ‌လျှောက်သွားကာ တံခါးဖွင့်ပြီးဝင်လိုက်သည်။ ထို့နောက် လင်ကျန်းရီနှင့်စုယန်တို့လည်း ကားပေါ်တက်လာလိုက်ကြလေသည်။
လင်ကျန်းရီက မောင်းသူခုံတွင်နေရာယူကာ စုကျစ်ယန်က လော့ယန်နှင့်အတယ နောက်ခန်းမှာထိုင်သည်။