(၁၄)

4K 505 494
                                    

ထမင်းစားခန်းထဲမှာ ငြိမ်သက်စွာ​ ထိုင်နေခဲ့ရင်းနှင့် စားပွဲခုံပေါ်တွင် ရှိနေခဲ့သည့် တဖြေးဖြေးချင်းဆီ အေးစက်လာခဲ့သော ကော်ဖီခွက်တစ်ခွက်အား အကြောင်းမဲ့သက်သက် ငေးစိုက်ပြီးတော့ သူကြည့်နေခဲ့မိသည်။ ကော်ဖီခွက်လေး အေးစက်လာခဲ့သည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံး​၏ အလင်းရောင်ခြည်တွေကလည်း မှောင်မှိုင်းလာခဲ့သည်။

အချစ်နှင့်သာ ထိတွေ့လာခဲ့ပြီဆိုလျှင်လေ အရက်မှ မဟုတ်ဘူး၊ ကော်ဖီဆိုတာကလည်း လူတွေကို မူးဝေစေသည်။ ထုံထိုင်းလာစေသည်။ လွင့်မျောလာခဲ့စေသည်။

အတွေးရေယာဉ်ကြောကြီးထဲမှာ အချစ်အကြောင်းတွေပါ ပါလာခဲ့လေတော့ အငွေ့တစ်စလေးမျှ မကျန်တော့သည့် ခါးသက်သက် ကော်ဖီတွေအား သူတစ်ငုံစာသာ အရသာခံကာဖြင့် မော့သောက်လိုက်မိလေသည်။ လျှာဖျားထက်မှာ ထိတွေ့လာခဲ့သော ခါးသက်သည့် အရသာနှင့်အတူ သူ့ရဲ့ရင်ဘတ်ထဲက အလွမ်းတွေကလည်း စို့တက်လာခဲ့သည်။

လူတစ်ယောက်ကို မလွမ်းမိစေဖို့အတွက် ကော်ဖီတွေအား ဆေးအနေနှင့် သူသုံးစွဲမိနေခဲ့ပေမယ့် ဆေးမစွမ်းခဲ့ပေ။

ဘယ်ဆေးမှလည်း သူ့ကို အခုအချိန်မှာ ကူကယ်နိုင်လိမ့်မယ်လို့ သူဟာ မထင်မှတ်မိပေ။

ပုံပြင်တစ်ပုဒ်ကို ကြားဖူးလား။ ကျေးဇူးတရားဆိုတာကြီးကို ခေါင်းပေါ်မှာ ထမ်းတင်ထားခဲ့ပြီး ဘဝကို ဖြတ်သန်းနေခဲ့ရသော လူတစ်ဦးရဲ့အကြောင်းကိုရော ကြားဖူးကြလား။

' ပတ်ဂျီမင်းကြောင့် '

' ပတ်ဂျီမင်းကိုပဲ ဒီကောင်က စောက်ရမ်းချစ်နေတာကြောင့်ကို ငြင်းတာ!! '

သူ့ရဲ့နားထဲမှာ ပဲ့တင်သံများထပ်ကာ ပြန်လည်ပြီးတော့ ကြားယောင်လာခဲ့ရသည့် စကားသံတွေကြောင့် ယူဆူဟိုဟာ ပထမဦးဆုံးအကြိမ် တူဖြစ်သူ​၏မျက်နှာအား ပြေးမြင်လိုက်မိရင်း အံကိုသာကြိတ်လိုက်မိသည်။ လေလှိုင်းထဲကနေတစ်ဆင့် သူ့ကို အော်ဟစ်ပြီး သောင်းကျန်းသွားခဲ့တဲ့ တူဖြစ်သူအား ပထမဦးဆုံးအကြိမ် သူအပြစ်မြင်မိ​၏။

ရင်ဘတ်ကြီးအတွင်းကနေ လှိုက်တက်လာခဲ့သော ယူဆူဟိုရဲ့ဒေါသစိတ်တွေဟာလည်း ဝမ်းနည်းမှုတွေကို အရင်းခံထားခဲ့ပါသည်။ အတွေးတစ်ချို့နှင့်အတူ တင်းကြပ်စွာ ဆုတ်လိုက်မိသည့် သူ့ရဲ့လက်သီးဆုတ်တွေဟာတော့ ကိုယ့်ကိုယ်ကို အားမလိုအားမရနဲ့ မကျေမနပ်ဖြစ်မိခြင်းတွေ ရာခိုင်နှုန်းတော်တော်များများ ရောယှက်နေခဲ့လေသည်။

1+1= 1 (JIKOOK)Onde as histórias ganham vida. Descobre agora