Chapter-2 / II ( Unicode )

986 85 38
                                    

Vegas

" Vegas... "

မျက်နှာပေါ်မှာ မရေမတွက်နိုင်တဲ့ ခံစားချက်တွေ အထင်းသားနဲ့ Porscheက ငါ့ကိုမြင်မြင်ချင်း စီးကရက်သောက်နေရင်းကနေ လှမ်းနှုတ်ဆက်လာတော့...နှစ်သိမ့်တဲ့အနေနဲ့ သူ့​ရဲ့ကျောပြင်ကို ငါ ဖွဖွပွတ်သပ်ပေးဖြစ်တယ်။

" ငါ ဘာလို့များ ဒီလောက်တောင်ပျော့ညံ့ရတာလဲ? " Porscheက ခံစားချက်တွေကို ချုပ်တည်းမျိုသိပ်ဖို့ကြိုးစားနေဟန်နဲ့ ငါ့ဆီလှည့်ကြည့်လာတော့...။

" ဘာလို့လဲဆို...မင်းက သူ့အပေါ် ခံစားချက်တွေ အရမ်းထားလွန်းနေတာကိုး " သူ့ရဲ့ပခုံးကို အသာလှမ်းဖက်ရင်း ငါ စကားပြန်လိုက်တယ်။

" ဒါပေမဲ့ ငါ ခံစားလို့မရဘူး...အဲဒါကြောင့်နဲ့... "

" အချစ်က လူတွေကို ပျော့ညံ့စေတာ...နောက်ဆုံး ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားစေတဲ့အထိပဲ " ဆက်ပြောလာမယ့် သူ့ရဲ့စကားကို ငါတားပစ်လိုက်တယ်။

" ခဏလောက် ဒီလိုနေရအောင် " Porscheက ငါ့ပခုံးပေါ် နဖူးတင်လိုက်ရင်း သက်ပြင်းမောတစ်ချက်ချလာတော့, ငါလဲ သူ့လက်မောင်းဆီ အသာပွတ်သပ်လို့ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်။

ငါတို့က အခု တစ်ယောက်ကိုတစ်ယောက် အသေအချာနားလည်ထားတဲ့ အခြေအနေတစ်ခုမှာ...ပြန်လမ်းမရှိဘဲ...နှစ်ယောက်အတူပေါ့...။ လေအေးတစ်ဝှေ့ ငါ့မျက်နှာပြင်ပေါ် ပွတ်သပ်တိုက်ခတ်သွားချိန်, ငါ မျက်လုံးတွေကို ဖိမှိတ်ထားလိုက်မိတယ်။ တစ်စုံတစ်ရာကို နောက်မှာချန်ထားနိုင်သွားသလိုမျိုး...။ အနည်းဆုံး ဒီနေရာမှာတော့ ခဏလောက်လေးပဲဖြစ်ဖြစ်, စိတ်အေးချမ်းသာစွာ နေနိုင်မယ်လေ။

ဘုတ်!!

တိတ်ဆိတ်မှုကို သတိထားမိသွားတဲ့ အခိုက်အတန့်...ကသောင်းကနင်းခံစားချက်ကြီးတောင် မပျောက်ပျက်သေးခင် Porscheရော ငါပါ တစ်ယောက်နဲ့တစ်ယောက် ခပ်သွက်သွက် လူခွဲပစ်လိုက်ကြတယ်။

" Khun Vegas... " Nopက အထိတ်ထိတ်အပြာပြာနဲ့ Veniceကို ကောက်ချီတယ်။

" အို့! Peteပါ ဒီရောက်နေတာလား? " Porscheက ငါ့ဆီ လှည့်မေးလာတယ်။ Veniceကိုမြင်တော့ Peteပါ ရှိနေမယ်လို့ ထင်သွားပုံပဲ။

HURT //Hiatus//Where stories live. Discover now