Part 8

1.5K 119 0
                                    

Unicode

တိုင်းပြည်နှစ်ခု သံတမာန်ရေးရာ အပြန်အလှန်တွေ့ဆုံပြီးချိန်တွင် မင်းသားနှစ်ပါးရဲ့ မင်္ဂလာကိစ္စသည်လည်း အထမြောက်သွားတော့သည်။ မဟော်အသူရာတိုင်းပြည်ကို လိုက်သွားရမယ့် လူးမိန်နွန်ကတော့ မဟော်အသူရာမှာအမြဲတမ်းနေရာမှာကို သဘောကျတာကလွဲလို့ မပျော်ရွှင်ပဲ ဖြစ်နေသည်။ ချစ်ရသူကတခြား ပေါင်းဖက်ရသူက တခြား။ သို့ပေမယ့် တစ်ဖက်က ပြန်တွေးကြည့်လျှင်လည်း မင်းသားငယ်ကို အမြဲတမ်းမြင်တွေ့နေနိုင်တာကိုက သူ့အတွက်အခွင့်အရေးတရပ်လိုပင်။ ပြီးတော့ နန်းတက်မင်းသားရဲ့ ကြင်ယာတော်၊ တစ်တိုင်းပြည်လုံးကို အမိန့်အာဏာသက်ရောက်နိုင်တဲ့သူရဲ့ ကြင်ယာတော်အဖြစ် ရပ်တည်ရမယ်ဆိုတော့ မင်းသားငယ်အပေါ်ကိုလည်း သူ့အာဏာ သက်ရောက်မှာကို တွေးမိသွားပြန်သည်။

“ဒီနေ့ မင်းသားကို လာရောက်ပင့်ဆောင်မယ်လို့သတင်းကြားတယ်၊ အမှန်ပဲလားအရှင်”

“အင်း”

“ကျွန်တော်မျိုး အရှင့်နောက်လိုက်ပြီး အလုပ်အကျွေးပြုလို့မရဘူးလား အရှင်”

“ဗက်မောက် မင်းကို ကိုယ်တော်နဲ့အတူ ခေါ်သွားမှာ”

“ကျေးဇူးကြီးမာလှပါတယ် အရှင်”

အရှင်နဲ့အတူလိုက်သွားရမှာကို ဗက်မောက်အခုမှသိလိုက်တာဖြစ်သည်။ သူတင်မဟုတ်။ အရှင့်ရဲ့နန်းဆောင်မှာ ခစားအလုပ်အကျွေးပြုသူတွေ အားလုံးအရှင်က သူနဲ့အတူ ခေါင်ဆောင်သွားဖို့ မင်းကြီးကိုတောင်းဆိုထားတယ်ဆိုတာ သိလိုက်ရသည်။

“မဟော်အသူရာတိုင်းပြည်မှ နန်းတက်မင်းသား လာရောက်ပါပြီဖြစ်ကြောင်း သတင်းပို့ပါသည်”

အပြင်မှ အမှုထမ်းတွေရဲ့ သတင်းစကားကြောင့် လူးမိန်နွန် မတ်တပ်ရပ်ကာ အဝတ်အစားတွေကိုပြင်ဆင်လိုက်သည်။ သူ့နန်းဆောင်ထဲ ဝင်လာတဲ့ နန်းတက်မင်းသားက ခန့်ခန့်ညားညားနဲ့ရိုသေထိုက်သူဖြစ်သည်။ သို့ပေမယ့် သူ့မျက်လုံးထဲမှာတော့ မင်းသားငယ်က ပိုသည်ဟု ထင်သည်။ ဒါက သူ့စိတ်တွေဖောက်ပြားနေတာလား။ တိုင်းပြည်တပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံး အရိုအသေပေးမယ့် နေရာမှာရှိမယ့် သူကဒီလိုစိတ်တွေ မဖြစ်ပေါ်သင့်ဘူးဆိုတာ သိပေမယ့် မင်းသားငယ်က သူ့စိတ်ထဲတွင် နေရာဝင်ယူနေဆဲ။

ကျိန်စာပြယ်သစ္စာ {Complete}Tahanan ng mga kuwento. Tumuklas ngayon