Finale

3.8K 180 16
                                    

U+Z

အလုပ်ခန်းထဲမှာ ဦးရီးတော်က ရောက်နေသည်။ သူ့အလုပ်တွေကို သူတို့နှစ်ယောက်ကိုလွှဲပေးနေတာ။

"ဦးရီးတော်က ဘယ်ကိုသွားမလို့လဲ"

"အချစ်ပြန်မလာသေးတော့ အလုပ်တွေ မလုပ်ချင်သေးဘူး၊ မင်းတို့နှစ်ယောက်ပဲ လုပ်ပေးတော့"

"ဟာ အဲ့လို ဘယ်လိုရလဲ"

"ဟ မင်းတို့နှစ်ယောက်ရှိနေတာ ငါ့လုပ်ငန်းကိုထိန်းသိမ်းပေးမှဖြစ်မှာပေါ့"

"ဦးရီးတော်က မဟုတ်သေးဘူး"

"အသူရာဆင်း ငါဒီပတ်ဝန်းကျင်မှ ခြေချလို့မဖြစ်တော့ဘူး၊ ပျောက်ကွယ်သွားမှဖြစ်မှာ၊ ငါ ဒီပတ်ဝန်းကျင်မှ အချစ်နဲ့ဖြတ်သန်းခဲ့တာ အကြာကြီးပဲ၊ အားလုံးက သတိထားမိနေပြီ"

"ဒါပေမယ့် သိတဲ့သူ သိနေတာပဲလေ"

"လူတိုင်းမသိဘူးလေ၊ သိတဲ့လူအနည်းစုကလည်း ကိုယ့်လိုသူလိုထဲကလေ၊ အချစ်ပြန်ရောက်လာမှ မင်းတို့ဆီ အလည်လာခဲ့မယ်"

ဦးရီးတော်က သူ့ဆုံးဖြတ်ချက်နဲ့သူဖြစ်သည်။ အသူရာဆင်း ဦးရီးတော်အလုပ်တွေကိုပါ ယူပြီးအုပ်ချုပ်ပေးရတော့သည်။ ခဏ်းကတော့ သူ့ရဲ့အတွင်းရေးမှူးအဖြစ် ဆက်ရှိနေ၏။ အတွင်းရေးမှူးလေးနေရာကိုယူထားတဲ့ ခဏ်းက မနက်ဆို သူနဲ့အတူ အလုပ်ကိုမလိုက်ပါ။ နောက်ကနေ ထမင်းနဲ့ဟင်းယူပြီးမှလိုက်လာသည်။ ဒီလိုမျိုးအတွင်းရေးမှူး ဘယ်မှာရှိမလဲဆိုတော့ သူရှိတယ်တဲ့လေ။ သူဌေးက အတွင်းရေးမှူးကို ပြန်စောင့်နေရတာဖြစ်သည်။ အရင်ထဲက နိုင်စားပေးထားတဲ့ ခဏ်းကအခုတော့ သူ့ကိုပိုနိုင်စားနေတော့တာ။ အရာအားလုံးက ခဏ်းသဘောအတိုင်းဖြစ်နေသည်။

"အချစ်လေးက ပေါက်စကို မြင်ချင်နေပြီ သိလား"

"အင်း"

"ကျွန်တော်တို့ ခေါ်မွေးစားမလားဟင်"

"ဦးရီးတော်လား ပေးပါလိမ့်မယ်"

"သူ့ဆီလာဝင်စားမှာမှမဟုတ်တာ"

"သူလား ဟိုကမွေးတာနဲ့ သွားခေါ်မယ့်ပုံ"

အင်းလေး သူတောင်ဒီလောက်မြင်ဖူးချင်၊ မွေးစားချင်နေတာ ဦးရီးတော်ဆို ပိုဆိုးတော့မှာပေါ့။ မဟော်အသူရာကသူတွေရဲ့အချစ်က ခိုင်မြဲသည်။ တစ်ယောက်ဆိုတစ်ယောက် ဘဝအဆက်ဆက်ချစ်ကြတာဖြစ်သည်။ သူ့ကိုဆိုလည်း အရှင်က မမှတ်မိတော့သည်တိုင်အောင် ချစ်ခဲ့တာပဲ မဟုတ်လား။

ကျိန်စာပြယ်သစ္စာ {Complete}Where stories live. Discover now