Story 9

2K 131 8
                                    

Unicode
................

လရိပ်ချို ကို စိတ်မချတာကြောင့် မင်းစစ်တစ်ယောက် ဆေးရုံမှာရက်အနည်းငယ်အထိ နေစေခဲ့သည်။ ဒါကိုလရိပ်ချိုက ပြန်မယ်ပဲလုပ်နေတာကြောင့် မနည်းဆွဲထားရသည်။ လရိပ်ချိုကို သက်တောင့်သက်သာဖြစ်စေရန် VIP အခန်းသို့လည်းရွေ့ကာ နေစေသည်။

လရိပ်က ဟိုတယ်တမျှကောင်းလွန်းလှတဲ့ ဆေးရုံခန်းကြောင့် မင်းစစ်အား အားနာနေပုံရသည်။ မင်းစစ်အနေဖြင့် ထိုသို့ကုန်ကျသော အရာတွေက မည်မျှမမှုပေ။ သူ့တွင်အပေါဆုံးကငွေပဲမဟုတ်လား။

(ကိုယ့်ကိုလည်းလာပေးပါလား... အိုင်နိမန်းနီးလေ...)

လရိပ်ချို ဆေးရုံတက်နေသည်ဟု သတင်းကြားကြားချင်း လင်းလက်မောင်ကလည်း အပြေးလာခဲ့သည်။ ထိုချိန် ဆေးရုံခန်းထဲတွင် မင်းစစ်အားတွေ့သည်နှင့် ရန်ထောင်တော့သည်။ သူမေးတုန်းကကျ လျစ်လျူရှုရကောင်းလားဟုပင်။

မင်းစစ် ရဲ့စေ့စပ်ပွဲကိုလည်း ဖြတ်ခဲ့ပီးအပြင် လရိပ်ချိုရဲ့အကြောင်းကိုလည်း အနည်းငယ်ပြောပြခဲ့သည်။ အဘွားကတော့ မင်းစစ်ရဲ့ အိုမီဂါကိစ္စသိပီးနောက် သွေးတွေပင်ဆောင့်တက်သွားသေးသည်။

သူမမြေးကိုလည်း ဆူလိုက်တာမပြောနဲ့။ ချက်ချင်းမရှာပဲ ပြစ်ထားရကောင်းလားဟုပင်။ ခုတော့ မြစ်လေးပါရလာတော့မည်ဆိုတဲ့ သတင်းကြားပီး အပျော်လွန်နေလေသည်။ ဦးမာန်ထည်ဝါလည်း သူ့သားပြောပုံက နောက်နေပုံလည်းမပေါ်သည်မို့ လက်မခံချင်ပဲလက်ခံလိုက်ရသည်။

ဦးလင်းရောင်တို့ဘက်ကို အားနာနာနဲ့ပဲ စေ့စပ်ပွဲဆက်မလုပ်ဖြစ်တော့ကြောင်းနဲ့ စီးပွားရေးပိုင်းကိုတော့ လိုအပ်တဲ့ထောက်ပံ့မှုတွေတော့ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်းပါ တစ်ခါတည်းပြောလိုက်ရသည်။ ဦးလင်းရောင်နဲ့ လရောင်ချိုကတော့ မစားရတဲ့အမဲ သဲနဲ့ပတ်သလိုပင် မကျေမနပ်ဖြစ်ကာ စွေ့စွေ့ခုန်နေတော့သည်။

သို့သော် အထောက်အပံ့မျက်နှာဖြင့် မကျေနပ်သော်လည်း ခေတ္တမျှနှုတ်ဆိတ်နေလိုက်ရသည်။ လရောင်ချိုကလည်း သူချစ်တဲ့အယ်လ်ဖာကြီးက သူ့ကိုပြန်မကြိုက်တာကြောင့် သူလက်စားချေဖို့တေးထားလိုက်သည်။ ပီးတော့ မင်းစစ်ရဲ့ အိုမီဂါက မည်သူလည်းဆိုတာကိုစုံစမ်းကြည့်တော့ သူ့တို့စွန့်ပြစ်ထားတဲ့ လရောင်ရဲ့ အမြွှာအစ်ကိုဖြစ်သူ ညဥ့်လရိပ်ချိုဆိုတာ သိလိုက်ရတော့ ပို၍ပင်ဒေါသထွက်ခဲ့ရသည်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now