VI

765 77 20
                                    

"ဘာပြောလိုက်တာ ကျွန်တော်နားကြားမှားနေတာလား"

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

"ဘာပြောလိုက်တာ ကျွန်တော်နားကြားမှားနေတာလား"

ဆရာဝန်ရဲ့စကားကြောင့် ငါအပါအဝင်ငါ့အနောက်မှာ ရပ်နေတဲ့ Us နဲ့ Bible ဆီကပါ ထိတ်လန့်သံတွေကြားရလိုက်ရတယ်။

"မမှားပါဘူး၊ ဒါကလူတစ်ရာမှာ ဆယ်ယောက်လောက်‌ဖြစ်လေ့ဖြစ်ထရှိတဲ့ ထူးခြားချက်ပါပဲ။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို၊ မိခင်ဗိုက်ထဲမှာ ရှိနေတဲ့အခြေအနေကြောင့်လည်း Gland တွေကမြုံနေတာမျိုး ဖြစ်တတ်ပါတယ်။"

ဆရာဝန်ပြောတဲ့ မိခင်ရဲ့ဗိုက်ထဲကအခြေအနေဆိုတဲ့စကားက ဘာကိုရည်ညွှန်းတာလဲဆိုတာ ငါချက်ချင်းသဘောပေါက်လိုက်ပါတယ်။ ငါ့အမေကငါ့ကိုမလိုချင်လို့ ခဏခဏနည်းမျိုးစုံနဲ့ကိုယ်ဝန်ဖြတ်ချဖူးတယ်လေ။ အဲ့ဒီအကျိုးသက်ရောက်မှုတွေပဲနေမှာပေါ့။ ငါကိုယ့်ကိုယ်ကိုယ်တိတ်တဆိတ်လှောင်ရယ်ပစ်လိုက်တယ်။ ငါကတော်တော်အသက်ပြင်းတဲ့ ကလေးပဲနော်။

"ဒါဆိုဘာလို့အခုမှရုတ်တရတ် Heat ဝင်ရတာလဲ။"

Us ကသူသိချင်တဲ့အကြောင်းကို ဆရာဝန်ကိုဝင်မေးတယ်။

"အင်းဒါမျိုးက သူနဲ့လိုက်ဖက်ညီတဲ့အယ်လ်ဖာ ဖယ်ရိုမုန်း‌နဲ့ လှုံ့ဆော်ခံရတာကြောင့်ဖြစ်နိုင်ချေများတယ်။ လူနာကဒီရက်ပိုင်းမှာ အယ်လ်ဖာဖယ်ရိုမုန်းနဲ့ တော်တော်ရင်းနှီးနေမိတယ်ထင်တယ်။"

မဟုတ်မှ.. မဟုတ်မှ ပန်းသီးစိမ်းနံ့က Bible ရဲ့ဖယ်ရိုမုန်းတွေလား။ ငါအဲ့ဒီအတွေးကြောင့် အလန့်တကြားနဲ့ Bible ကို‌လှည့်ကြည့်လိုက်မိတယ်။ သူကလည်းငါ့ကို တအံ့တဩကြည့်နေတာပဲ။

"မဟုတ်မှ ပန်းသီးစိမ်းရနံ့ကမင်းရဲ့ဖယ်ရိုမုန်းတွေလား။"

"ဘယ်လိုလုပ်ပြီး သိနေတာလဲ။"

I Fell In Love With My Rival || BibleBuild ||Donde viven las historias. Descúbrelo ahora