သစ္စာဆူး၍ရူးရသည် အပိုင်း(24)
...သား ရောက်ပြီ ထတော့လေ...
...အော် ဟုတ် မေမေ...
...ဟိုမှာ မေမေရဲ့ တူလေး စောင့်နေတယ် လာ...
...မေမေ့ တူ...
...မေမေယောက်ကျားရဲ့တူလေးပါ...
...ဂျီက မေမေ့ ယောက်ကျားကို ဘယ်လိုခေါ်ရမလဲ....
...သားကြိုက်သလိုသာ ခေါ်ပါ အဆင်ပြေသလိုခေါ်ပေါ့...
...ဒါဆို ဂျီ အန်ကယ်လို့ပဲခေါ်မယ်နော်...
...သားသဘောပါ ဟိုမှာစောင့်နေပီ လာ အမြန်သွားကြမယ် ...
...ဟုတ်...
...တီလေး ပေး အထုပ်တွေ ကျနော့်ကို...
...ဟင်...ဂျီ...ဂျီမင်း မဟုတ်လား...
...ဟာ...အကို... အကိုဂျင်း...
ဂျီသည် ဂျင်းကိုတွေ့တော့
အားကိုးတကြိး ဖက်ကာ ငိုနေပြန်သည်...ဘယ်လိုဖြစ်တာလဲမငိုရဘူးလေး ဂျီလေးရဲ့...
...အကိုထားခဲ့တယ် ကျနော်တို့ကို...
...အကိုမထားခဲ့ရပါဘူးဂျီလေး ရယ် ကဲ ငိုမနေနဲ့ ကလေးမဟုတ်ပဲနဲ့ လာ ပြန်ကြမယ်...
...သားတို့က သိနေကြတာလား...
...သိတာပေါ့ မားရဲ့ အရင်ကအဆောင်မှာဆိုအကိုဂျင်းက ခေါင်းဆောင်ပဲ...
...တီလေးမှာ သားရှိတယ်သာ သိတာ တစ်ခါမှ
မမေးကြည့်ရတော့ ဂျီမင်းမှန်းမသိခဲ့ဘူး......ကဲ သား အိမ်ရောက်မှ ဆက်ငိုတော့...
ဒီလိုနဲ့ အကိုဂျင်းနဲ့ပြန်ဆုံရလို့ ဂျီသည် အရင်ကလောက်မခံစားရတော့ပါ အကိုဂျင်းသည် ဘာကြောင့်အဆက်သွယ်မလုပ်ရတဲ့အကြောင်းတွေလဲ ပြောပြတော့ အကိုဂျင်းကိုပိုပြိးသနားရပြန်သည်
မေမေ့ယောက်ကျားအန်ကယ်ကလဲ ဂျီကို သားအရင်းတစ်ယောက်လိုချစ်ပါသည် လိုချင်တာတွေလဲ အကုန် ဖြည့်ဆည်းပေးလေသည် အဲ့နောက်ပိုင်း ဂျီသိပ်ချစ်ဖူးတဲ့လူတစ်ယောက်ကို လွမ်းစရာရှိတိုင်း နာစရာတွေနဲ့ စဥ်းစားပြိး ဂျီဖြစ်ချင်တဲ့ ဆရာဝန်လိုင်းကို ဥိးစားပေးကြိုးစားခဲ့သည်