၄၉

226 56 0
                                    

အပိုင်း (၄၉)

နောက်ဆုံးဖိုင်ကို ကိုင်တွယ်ပြီးနောက်တွင် နေ့ခင်း လေးနာရီထိုးသွားပြီဖြစ်သည်။ ဟော်ယွန်ချန်းက သူ၏လည်ပင်းကို အနည်းငယ်လှုပ်ရှားပြီးနောက်တွင် ယွမ့်ထန်းကိုကြည့်လိုက်၏။ ထိုအခါ ယွမ့်ထန်း၏တောက်ပသော မျက်ဝန်းများနှင့် ဆုံသွားသည်။

"ဘာလဲ"

သူ မသက်မသာ ဖြစ်သွားပြီး နားရွက်များပင် နီရဲသွား၏။
"စောင့်ရတာ ပင်ပန်းသွားပြီလား"

ယွမ့်ထန်းက ခေါင်းခါသည်။
"မဟုတ်ပါဘူး၊ ချန်းကောက အရမ်းခံ့ညားတာလို့ ရုတ်တရက် သတိထားမိသွားလို့ပါ"

ထိုစကားကို ကြားသောအခါ သူ မျက်လုံးပြူးသွားတော့သည်။ ရှက်ရွံ့စွာနီရဲနေသော နားရွက်ဖျားထိပ်က တဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့ကာ မျက်နှာတစ်ခုလုံးနီးပါး ပျံ့နှံ့သွား၏။ လည်ပင်းအထိပင် နီရဲသွားသည်။

"မင်း  မင်းလည်း ကြည့်ကောင်းလွန်းပါတယ်"

လုပ်လက်စအလုပ်များကို ရပ်ပြီးနောက် ဟော်ယွန်ချန်းက ယွမ့်ထန်းကိုခေါ်ပြီး ယွမ့်ထန်း၏အိမ်သို့ သွား၏။ သူနှင့်ဟော်ယွန်ရီတို့ မကြိုက်နှစ်သက်သည့်စားစရာများ ရှိသလောဟု မေးမြန်းခဲ့သော်လည်း ဟော်ယွန်ချန်းက သူတို့က အစားရွေးသူမဟုတ်ကြောင်း ပြောခဲ့သည်။
ရလဒ်အနေဖြင့်ယွမ့်ထန်းက ပုံမှန်ဟော့ပေါ့တွင် လိုအပ်သည့်ပါဝင်ပစ္စည်းများကိုသာ မှာလိုက်သည်။ ပါဝင်ပစ္စည်းများက သူ အိမ်မရောက်ခင်ကတည်းက ရောက်နေခဲ့ပြီး ရှောင်ပိုင်ကလည်း ကူညီကာ လက်ခံထားပေးသည်။ သူတို့အိမ်ရောက်သည်နှင့် ယွမ့်ထန်းက စတင်ချက်ပြုတ်နိုင်သည်။ သူတို့နှစ်ယောက်လုံးက တံခါးသို့ဝင်ကာစအချိန်တွင်ပင် ဟော်ယွန်ရီက ကားဖွင့်ပြီး အလောတကြီးရောက်လာကြောင်း မြင်လိုက်ရ၏။

"ရှောင်ထန်း မင်းပြောထားတဲ့ပစ္စည်းတွေ ကိုယူလာတယ်"

ဟော်ယွန်ရီက ပုံစံအမျိုးမျိုးရှိသည့် အိတ်ကြီးအိတ်ငယ်အချို့ကို သယ်လာသည်။ ထိုပစ္စည်းများအားလုံးကို နေ့ခင်းကမှ ယွမ့်ထန်းက မေးမြန်းထားခဲ့ခြင်းဖြစ်၏။ ဟော့ပေါ့အတွက် သီးသန့်ထုတ်ထားသည့် အိုးအပြင် တိုဟူးပျော့၊ တိုဟူးမာနှင့် အလားတူပဲကုန်ကြမ်းများပါလာ၏။ စားစရာ၏ ဆွဲဆောင်မှုအောက်တွင် ဟော်ယွန်ရီက အလွန်စိတ်အားထက်သန်ကာဖြစ်လာနိုင်သည့် အလားအလာပေါင်းများစွာကို တွေးတောခဲ့ပြီး ပစ္စည်းပေါင်းများစွာကို ထုတ်လွှတ်နိုင်ခဲ့သည်။ သူက ပါဝင်ပစ္စည်းများစွာကို ရုတ်တရက် အသစ်ထုတ်လုပ်ရခြင်းက လွယ်ကူလွန်းသည်ဟု ခံစားလိုက်ရသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now