1 🎄

733 77 4
                                    

Unicode

🎄 ကိုယ်မြတ်နိုးရာ_𝘿𝙚𝙘𝙚𝙢𝙗𝙚𝙧_🎄

ဤလသည် နှစ်တစ်နှစ်၏နောက်ဆုံးသောလတစ်လဖြစ်သော 'ဒီဇင်ဘာ' လဖြစ်သည့်အလျောက် နှင်းမှုန်နှင်းစက်များကြား အနွေးထည်အထပ်ပေါင်းမနည်းဝတ်ဆင်ကာ လူအများသွားလာလှုပ်ရှားနေ၏။

ဆောင်းရောက်ပြီဆိုရက်စက်လွန်းသောရာသီဥတုက အသည်းခိုက်မတတ်ချမ်းအေးလွန်းတာကြောင့် တစ်ကိုယ်လုံနေရာလပ်မရှိအောင်အဝတ်တစ်ရာဖြင့်သာပတ်ထားချင်သည်အထိ။

ဒီလိုရာသီဥတုကို သဘောကျကြပေမယ့်လည်း အသွေးထဲအသားထဲအထိချမ်းစိမ့်မှုကြောင့် လူတိုင်းမှာပျင်းဆိပ်တတ်တတ်ကြသော ရာသီဥတုဖြစ်သည်။

ရှောင်းကျန့် အိမ်မှစထွက်ကတည်းက ဆွယ်တာထူထူပေါ် ကုပ်တစ်ထပ်ဖြင့်..အပေါ်မှာလည်း အမွေးထူထူသိုးမွှေးအနွေးထည်ကြီးဖြင့်..မား ပတ်ပေးလိုက်သောခပ်နွေးနွေးမာဖလာလေးတစ်ထည်နှင့် လက်ဆွဲအိတ်လေးကိုင်လျက် ဘူတာရုံသို့ထွက်လာခဲ့၏။
အမေဘက်ကဦးလေးဖြစ်သူ၏အလည်ခေါ်ခြင်းကြောင့်  မားရဲ့မွေးရပ်ဇာတိဖြစ်တဲ့ရွာလေးစီသွားရောက်လည်ပတ်မည်ဖြစ်သည်။

ဦးလေးခေါ်လည်သည်မှာ အခေါက်ပေါင်းနည်းမနေတော့တာမို့ ဆရာဝန်ဖြစ်သောမိမိမှာကြားရက်လေးခွင့်ယူကာ လာခဲ့ရသည်။
ပါးကအိမ်ကကားယူသွားဆိုပေမယ့် ရထားပဲစီးချင်သော သူဌေးသားဆရာဝန်လေးရှောင်းကျန့်၏ဆန္ဒကို မိဘများကလိုက်လျောပေးရ၏။

ရထားကြီးသည်နာရီပေါင်းများစွာခရီးနှင်ပြီးနောက်တော့ ဆင်းရမည့်ဘူတာသို့ရောက်လာခဲ့ပြီဖြစ်ရာ အဝတ်အစားအိတ်ကိုဆွဲ၍ ရထားလမ်းကိုကျောခိုင်းလျက် ရထားပေါ်မှဆင်းလိုက်သည်။

မြင်ရသောမြင်ကွင်းများက နှင်းများဖုံးနေသောစိမ်းစိုစိုသစ်ပင်များနှင့် မကြီးကျယ်လွန်းသည့်ဘူတာရုံလေး။
ရွာလေးသည်မြို့တစ်ခုလောက်တော့ မခမ်းနားလှပေမယ့် တန်းတူသန့်ရှင်းသပ်ရပ်လွန်းကာ အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်လျက်။

လမ်းသွားလမ်းလာများကလည်းကိုယ့်လမ်းကိုယ်လျှောက်သူ့လမ်းသူလျှောက်ဖြင့် အဖိုးကြီးအဖွားကြီးများသာ။
မြို့ကြီးတစ်ခုလိုစကားသံများဆူညံမနေပဲ အတော်အေးချမ်းမှုကိုနှလုံးသားထဲကနေပင်ခံစားမိသည်။
ဦးလေးဖြစ်သူကိုအံ့သြစေချင်၍ ကြိုတင်အကြောင်းမကြားထားပဲ ရှောင်းကျန့်ရောက်လာခဲ့သည်မို့လာကြိုသူတော့မရှိ။
သူလည်းပဲဦးလေး၏အိမ်ကိုစုံစမ်းရင်းသွားရမည်သာ။

ကိုယ်မြတ်နိုးရာ DecemberWhere stories live. Discover now