4 🎄

337 56 3
                                    

🎄ကိုယ်မြတ်နိုးရာ❄_𝘿𝙚𝙘𝙚𝙢𝙗𝙚𝙧_❄

Part -4 { သိုးမွှေးဦးထုပ်လေး }

ဝုန်း...!

" အ....သေပါပြီ "

မနက်မိုးလင်းလင်းချင်း ရှောင်းကျန့်တစ်ယောက် ခုတင်ပေါ်မှပြုတ်ကျသွားရသည်။
ထိုအခါမှခုတင်ပေါ်နောက်တစ်ယောက်ရှိသေးတာသတိရမိ၍ သူ့ကျောကအောင့်သွားခြင်းမှာ ထိုသူကန်ချခြင်းကြောင့်ဟုနားလည်လိုက်၏။

ဝမ်ရိပေါ်အအိပ်ဆော့ပြီးလူတစ်ယောက်လုံးကိုကန်ချလိုက်ပေမယ့် သူကေတာ့နိုးမလာပဲ ကောင်းကောင်းကြီးအိပ်ပျော်နေသည်။

ရှောင်ကျန့်ကျောကအောင့်အောင့်နဲ့ပဲ ထိုကောင်လေးအားခုတင်ပေါ်မှဆွဲချချင်လာမိသည်။
သူများကိုတော့ကန်ချပြီး သူကတော့ကောင်းကောင်းအိပ်နေနိုင်သေးသည်။
ဘယ်လိုတောင်အမြင်ကပ်စရာကောင်းလိုက်သလဲ။
အသက်ကဖြင့်၁၈ဖြစ်နေပြီကို အအိပ်ဆော့တုန်း။
သူ့လိုလူနဲ့ ဘယ်သူမှအိပ်ချင်မှာမဟုတ်ဘူး။

" ဟေး..ဟိတ်!
ထစမ်း ထစမ်း! "

ရှောင်းကျန့်စိတ်တိုတိုဖြင့် ကုန်းထကာ ကောင်းကောင်းကြီးအိပ်နေသောဝမ်ရိပေါ်အား ကုတင်ပေါ်မှဆွဲချရန်ချီတက်သည်။

လက်နှစ်ကိုဆွဲကာမလိုက်တော့ တစ်ဖက်ကအိပ်မောကျနေသူကပါမလာချင်ရာ ကိုယ်ကြီးလေးပြီးနောက်ပြန်လန်ကျ၏။
ရှောင်းကျန့်ပါတစ်ခါတည်းပါသွားရသည်။

သို့နှင့် တစ်ယောက်နဲ့တစ်ယောက်ဟန်ဘာဂါလို ထပ်သွားကြချိန် မနိုးသေးသောဝမ်ရိပေါ်မျက်နှာကို ရှောင်းကျန့်အလန့်တကြားကြီးကြည့်လိုက်မိ၏။

အလန့်တကြားဖြစ်စရာတစ်ခုခုက ရိပေါ်မျက်နှာကတော့မဟုတ်ပေမယ့် တစ်နေရာရာကဖြစ်သည်။
ရှောင်းကျန့်တစ်ယောက်မျက်လုံးများပြူးကျယ်လာရပြီး နားထဲကပါမီးခိုးတွေထွက်လာနိုးနိုးဖြင့် သူနဲ့ထိကပ်မိသွားသော ဝမ်ရိပေါ်၏အောက်ဘက်ကတစ်နေရာရာကိုကျိန်ဆဲမိတော့၏။

" ဝမ်ရိပေါ် !!! "

တစ်အိမ်လုံးမကကြားရသောထိုအော်သံကြောင့် နောက်ဆုံးတော့ ဝမ်ရိပေါ်လန့်နိုးလို့သွားသည်။

ကိုယ်မြတ်နိုးရာ DecemberWhere stories live. Discover now