Zombie city{3}ဧရိယာ2.0 U/Z

120 9 1
                                    

New Pond နဲ့ Paingတို့မုန့်ကိုသာအာရုံစိုက်စားနေတဲ့မင်းသားပေါက်စလေးBarcodeကိုငြိမ်ငြိမ်လေးကြည့်နေတယ် သူတို့တွေကိုတွေ့ထဲကပထမဆုံးပြောလာတဲ့စကားကဗိုက်ဆာတယ်တဲ့ သူတို့လည်းဗိုက်ဆာကြပေမဲ့အဆင်ပြေသေးသည် သို့သော် အသက်ရွယ်အားဖြင့်၁၈နှစ်စွန်းစွန်းသာရှိသေးတဲ့ကလေးငယ်တစ်ယောက်အနေနဲ့ဗိုက်ဆာတာကိုကြောင်တောင်တောင်လေးထုတ်ပြောလာတဲ့barcodeဟာမင်းသားဆိုတဲ့မာန်မာနမရှိပဲတကယ့်ကိုအဖြူထည်လေးဆိုတာသတိထားမိသည် ဒါနဲ့သူတို့သုံးယောက်လည်းထိုကလေးကိုခေါ်ကာNewနိုးလာသော Shopping centerကိုပြန်သွားကာတစ်ခုခုတွေ့လိုငှားရှာကြည့်တော့CenterထဲမှာMarketလေးတစ်ခုတွေ့သည် အစားအသောက်အချို့ကပုတ်သိုးကာဒိတ်လွန်နေပြီဖြစ်သောလည်း ကြာရှည်ခံမုန့်အချို့နဲ့ဒိတ်လွန်ရန်အနည်းငယ်လိုသေးသောရေဘူးတွေတွေ့သည်New ဟာလက်အုပ်ချီလိုက်ပြီ
"ကျွန်တော်တို့အခက်အခဲကြောင့်ပိုင်ရှင်မသိအောင်ယူမိတာခွင့်လွှတ်ပါ"
ထိုသို့ပြောပြီစျေးဝယ်ခြင်းတွန်းလာတဲ့Paingကိုကြည့်၍စားလို့ရသေးသောအစားအစာအချို့နဲ့ရေသန့်ဘူးတွေခြင်းထဲထည့်လိုက်သည် Pondကတော့Marketရှေ့ကနားနေရန်လုပ်ပေးထားသောခုံမှာထိုင်ကာBarcodeကိုသူတို့ဘယ်လိုရောက်လာကြောင်းကိုရှင်းပြနေသည် Newနဲ့Paingလည်းစျေးဝယ်ခြင်းကိုMarketအပြင်ထိတွန်းလာကာPondနဲ့Barcodeနားဝင်ထိုင်လိုက်ပြီNewကဘီစကစ်တစ်ထုတ်နဲ့ရေကိုBarcodeဆီကမ်းပေးသည်
Barcodeဟာစားနေရင်နဲ့သူဖြစ်လာတဲ့ကိစ္စကိုပြောပြတယ်

"ကျွန်တော်က ရိုက်ကွင်းကပြန်အိမ်မှာနားနေတာ အဲ့နေ့ကအိမ်မှာတစ်ယောက်ထဲ ဗိုက်ဆာတာနဲ့မုန့်မှာစားတာ"
မုန့်အကြောင်းပြောရင်မုန့်ကိုစားလိုက်သေးသည် ရေတစ်ငုံသောက်ကာဆက်ပြောသည်
"မုန့်လာပို့လို့ထွက်ယူဖို့တံခါးဖွင့်ဖွင့်ချင်းမုန့်ဘူးကိုကိုင်ထားတဲ့ခပ်ချောချောအကိုကြီးကိုတွေ့လိုက်တယ် အဲ့အကိုနောက်ကိုကျော်ကြည့်တော့မုန့်လာပို့တဲ့ဆိုင်ယူနီဖောင်းကိုဝတ်ထားတဲ့အကိုကကြမ်းပြင်မှာလဲကျနေတယ် ကျွန်တော်လည်းလန့်ပြီရှေ့ကလူကိုပြန်ကြည့်တော့ အဲ့လူကပြုံးပြတယ် ပြီတော့သူကစကားတစ်ခွန်းပြောတယ် သူပြောတာက
"ကိုယ့်နာမည်Arm ပါ"တဲ့ ပြောပြီးပြီချင်းကျွန်တော့ကိုစပရေးတစ်ဘူးနဲ့ဖြန့်လာတယ်ခဏအကြာတော့ကျွန်တော်သတိလစ်သွားတယ် "
ပြောရင်းမောသွားပုံရတဲ့Barcodeဟာရေကိုထက်သောက်လိုက်တယ် ပြီတော့ဆက်ပြောတယ်
"ကျွန်တော်ပြန်နိုးလာတော့တိုက်ခန်းတစ်ခုရဲ့ခေါင်မိုးထပ်မှာ ကျွန်တော်လည်းအောက်ဆင်းပြီအကူအညီတောင်းဖို့လူတွေ့လိုတွေ့ငှားရှာပေမဲ့ဘယ်သူ့ကိုမှမတွေ့ခဲ့ပေမဲ့ ကံကောင်းပြီအကိုတို့အဖွဲ့နဲ့ဆုံခဲ့တာ"

Zombie cityOù les histoires vivent. Découvrez maintenant