Zombie city { 4 }ဧရိယာ2.0

147 11 6
                                    

"ဦးကဘယ်ကလဲ"

"ဘန်ကောက်က"

"ဦးကဘာအလုပ်လုပ်တာလဲ!"

သူငယ်ချင်းတွေနဲ့စပ်တူလုပ်ငန်းလုပ်တယ်"

"ဦးကလူလွတ်လားအိမ်ထောင်သည်လားဟင်?"

"လူလွတ်"

"ဦး Seaဗိုက်ဆာတယ်"

"အင်း ခဏလေး"

"ဦး Seaပျင်းလာပြီ"

"အင်း......ခဏလေး"

"ဦး%&&$#&*?$#&/"

"............."

တဦး ဦးနဲ့နားညီးနေသောသောက်ကလေးကြောင့်Jimmyနည်းနည်းနားညီးလာချေပြီ တိုက်ခေါင်မိုးပေါ်ကနေပဲအခြေအနေကြည့်တာတော်တော်ကြာနေပြီမို့ဒီကလေးအတော်ပျင်းနေပုံရသည်

"လာအောက်ဆင်းမယ် တစ်ခုခုတွေ့လိုတွေ့ငှားပေါ့"

ပြောပြီတာနဲ့Jimmyရှေ့ကအရင်ထွက်သွားသည်ကိုနောက်ကနေလိုက်လာသည် သူတို့တိုက်အောက်ရောက်ပြီလမ်းသွယ်အချို့ကိုဖြတ်လျှောက်သွားတဲ့ထိလူတစ်ယောက်တလေမှမတွေ့ရပေ Jimmyဒီကိုရောက်ထဲကသက်ရှိဆိုလို့ဟိုကလေးပေါက်တစ်ယောက်သာတွေ့ရသည်သူတို့အနည်းငယ်လမ်းထက်လျှောက်ကြည့်တော့Mini Markလေးတစ်ခုကိုတွေ့လိုက်ရ၍ဝင်ကြည့်ကြသည် လူမရှိတာအနည်းငယ်ကြာပြီဟူသောသက်သေကဖုန်တက်နေသောပစ္စည်းတွေရယ် ဒိတ်လွန်ကာမှိုတက်နေသောအစားအသောက်အချို့ရယ်

"Sea ဒီကအစားအသောက်တွေကအကုန်မကောင်းတော့ဘူးအချို့တွေကဒိတ်လွန်နေပြီ စားလို့ရတာရှာပေးမယ်ခဏစောင့်အုံး"

JimmyအပြောကိုSeaခေါင်းလေးငြိမ့်ပြသည်Jimmyတစ်ယောက်အာလူးကြော်တစ်ဘူးကိုယူကြည့်တော့Dateမကုန်သေးတာတွေ့ရ၍Seaကိုဖွင့်ကာပေးလိုက်သည်အခြားမုန့်တွေပါလိုက်ကြည့်နေတုန်းအပြင်ဘက်ကအုပ်စုလိုက်လမ်းလျှောက်သံမျိုးကြားရ၍ဆိုင်ပေါက်ဝနဲ့နီးတဲ့Seaကပျော်ကာထွက်ကြည့်ဖို့လုပ်သည်Jimmyလည်းနောက်ကလိုက်လာကာအပြင်ကိုအရင်လှမ်းကြည့်လိုက်တော့လူတစ်အုပ်ကိုတွေ့သော်လည်းလမ်းလျှောက်ပုံနဲ့သူတို့ရဲ့အမူအရာတွေမမှန်တာသတိထားမိသွား၍Seaကိုဆိုင်ပြင်မရောက်ခင်နောက်ကနေလက်ကိုအမြန်လှမ်းဆွဲကာပိတ်ထားတဲ့ဆိုင်တံခါးကိုဂျက်ချ၍အထဲကကြည့်နေလိုက်သည်အရိပ်အကဲသိတက်တဲ့Seaကလည်းသူလုပ်တာတွေကိုငြိမ်ငြိမ်လေးကြည့်နေကာဆိုင်အကြင်ကလူအုပ်ကိုကြည့်နေလိုက်သည် ဆိုင်တံခါးကတစ်ဖက်မြင်မှန်တံခါးဖြစ်ပြီအထဲကအပြင်ကိုအကုန်မြင်ရပေမဲ့အပြင်ကတော့အထဲကိုမမြင်ရတာမို့သူကိုကြည့်ရတာအဆင်ပြေသည်

You've reached the end of published parts.

⏰ Last updated: Jan 14, 2023 ⏰

Add this story to your Library to get notified about new parts!

Zombie cityWhere stories live. Discover now