🍑 [Unicode]

1K 127 35
                                    


• contains alittle (alittle) soft scene •

" ဒီနေ့ရာသီဥတုက ကောင်းလိုက်တာနော် "

ဖန်ခွက်ထဲရှိ နို့စတော်ဘယ်ရီ‌ဖျော်ရည်ကို အအေးပိုစေရန် ရေခဲတို့နှင့်မွှေနေရင်း စကားသံကြောင့် ခေတ္တရပ်ကာ ပြတင်းပေါက်မှန်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

တကယ်လည်း သာယာနေသည်ဖြစ်၍ ပြုံးလိုက်ရင်း အကြည့်တို့က လန်းဆန်းလှပစွာပွင့်လန်းနေသည့် ပန်းရောင်ချယ်ရီပန်းပင်တို့ဆီကို ရောက်သွားပြန်သည်။ တစ်ခုခုကိုတွေးဆ၍ သတိရပြီးနောက် မွှေလက်စဖျော်ရည်ကိုပြန်ကြည့်မိတော့ ထပ်မံမြင်ရသည့် ပန်းနုရောင်။ မရယ်ရွယ်ပါဘဲလျက် တိုက်ဆိုင်နေလွန်းသည်မို့ စိတ်ထဲတွင် အနည်းငယ်တော့ ပျော်မြူးသွား‌သလိုပင်။

" ဒါနဲ့ ဂျယ်ယွန်းက ဘာတွေသဘောကျတတ်လဲဟင် "

ယခုအချိန်ထိ စကားတစ်ခွန်းကိုသေချာမပြောသေးသည့်ကိုယ့်အတွက် တစ်ဖက်မှ အဖွင့်စကားပင်။

" ပန်းနုရောင် "

လိုရင်းအဖြေကိုသာပြောရင်း ဖျော်ရည်ခွက်ကိုမော့သောက်လိုက်တော့ အေးစိမ့်စိမ့်နှင့် ချိုအီသောအရသာအပြည့်က လည်ချောင်းထဲဆင်းသွားတော့သည်။ ထို့အတူ လက်ရှိအနေအထားကလည်း အေးစက်လွန်းနေကာ ဂျယ်ယွန်းအဖြေကို မေးခွန်းထပ်မထုတ်သော်ငြား ကြောင်အနေနိုင်မည်ကိုတော့ မျက်စိရှေ့ရှိမိန်းကလေး၏ အမူအရာကိုကြည့်၍တော့ သိနိုင်သည်လေ။

ဂျယ်ယွန်းက လူကဲခတ်တော်လွန်းသူတစ်ယောက်။ သို့ပေမယ့်... သို့ပေမယ့်လည်းပေါ့။

" ပြီးတော့ ဂျယ်ယွန်းက - "

" ကိုကို!!!!!!! "

စကားမဆုံးခင် ကြားလိုက်ရသောအသံစူးစူးကြောင့် ဂျယ်ယွန်းလှည့်ကြည့်စရာပင်မလိုဘဲ သိနေသည်။ ထို့ကြောင့်လည်း ကြည့်မနေတော့ဘဲ မျက်စိရှေ့သို့‌ရောက်လာမည့် ခြေလှမ်းတို့ကိုသာ အသင့်စောင့်နေလိုက်သည်။

" ဂျယ် ဂျယ်ယွန်း၊ ဟိုကောင်လေးက ဂျယ်ယွန်းကိုခေါ်နေသလိုပဲ၊ အသိလား "

အချိန်စက္ကန့်ပိုင်းမျှကြာသည်အထိ အနားသို့ရောက်မလာသေးသည့်သူကြောင့် ဆိုင်ထဲရှိသူများကိုလည်းအားနာ၍ ထပ်မံအလျှော့ပေးမိပြန်ကာ နောက်သို့လှည့်ကြည့်လိုက်တော့သည်။

𝗕𝗔𝗕𝗬 𝗣𝗘𝗔𝗖𝗛 [𝗬𝗨𝗡𝗢𝗢]Where stories live. Discover now