Part - 1 ( Blind Date)

37 3 0
                                    

‌အောက်ထပ်က အန်တီဝမ်က ယျောင်စီစီကို
လူတစ်ယောက်နဲ့ထပ်မိတ်ဆက်ပေးပြန်သည်။
ဒါက ယျောင်စီစီကို ကမ္ဘာကြီးက တကယ်ပြောင်းလဲနေပြီဆိုတာကို သဘောပေါက်စေလိုက်သည်။
နောက် လွန်ခဲ့တဲ့ နှစ်အနည်းက သူမ ပထမဆုံးအကြိမ် သူမဖြစ်တည်မှုကို ထုတ်ပြောတော့
သူမ အမေက မျက်ရည်နှစ်စက်သာကျပြီး
အမေလုပ်ခဲ့တဲ့အရာတွေကို ပြန်တွေးမိလာသည်။
သူမအမေက သူမကို လိင်တူချစ်သူတွေနဲ့ပတ်သတ်သမျှ အမျိုးမျိုးနဲ့ စတင် ပျိုးထောင်တော့တာပဲ။

သူမအမေ နောက်ဆုံးမိတ်ဆက်ပေးခဲ့တဲ့
အားကစားနည်းပြဟာ သူမရဲ့ ရင်ထဲမှာ စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ခုလို ထင်ကျန်နေဆဲဖြစ်သည်။
သူမက အရပ် ၁၈၀ cmရှိပြီး လက်နှစ်ဖက်လုံးလည်းကြွက်သားတွေနဲ့ ဖောင်းကားနေသည်။
သူမ မတ်တပ်ရပ်လိုက်ရင် ယောင်စီစီ နှစ်ယောက်ကတောင် သူမအရပ်ကို မမှီ။

သူမစိတ်ပူသည်၊ သူမ ငြင်းလို့ရမလား။

ပြန်တွေးကြည့်တော့ သူမက အင်တာနက်
မှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီး
ရုပ်ရည်မချောမောသည်လည်းမဟုတ်ပေ။
ဘာကြောင့် blind dateလုပ်ဖို့ကိုပဲ
ကြိုးစားနေရတာလဲ။
ယေျာင်စီစီ သူမဘဝကို အလေးအနက်ပြန်တွေးတောရန်လိုအပ်နေပြီ။

အမေယျောင် စျေးက ပြန်ရောက်တော့ သူသမီး
ဆိုဖာပေါ်မှာ သေနေတာကို တွေ့တာနဲ့
" နင်အခုထိ အိမ်မှာပဲရှိနေသေးတာလား!?"

" အွန်း အိမ်မှာပဲရှိသေးတယ် "
ယျောင်စီစီ လေးလံစွာနဲ့ပြန်ပြောလိုက်သည်။

အမေ ယျောင် လက်ထဲက ခြင်းတောင်းကို
ပစ်ချလိုက်သည်။
သူမအင်္ကျီလက်တွေကို ခေါက်တင်
ပြီး ယျောင်စီစီကို ရိုက်နှက်ကာ

" ဒါဆို ဘာလို့ပျင်းရိပျင်းတွဲ လုပ်နေတာလဲ။
မြန်မြန် ပြင်ဆင်ပြီး အဆင်သင့်လုပ်တော့ ။
သူများကို စောင့်နေရအောင်မလုပ်နဲ့!! "

ယျောင်စီစီ ရုပ်တည်စွာနဲ့ " အမေ အမှန်အတိုင်းဝန်ခံရရင် သမီး မသွားလို့မရဘူးလားဟင် အခုဆို ဒါက ခုနှစ်ယောက်မြောက်ဖြစ်နေပြီ ။ အမေ တကယ်သမီးကို right personနဲ့တွေ့စေချင်တယ်ဆိုရင် ဘာလို့ ခဏလောက် မစောင့်တာလဲ။"

Marry First, Love Later (Gl Mmtrans)Where stories live. Discover now