Chapter 3 : Part 1

2.9K 506 4
                                    

Unicode

    
စူးယိရန်က အကြိမ်အနည်းငယ်မျှ လိုက်စမ်းကြည့်ပြီးမှ သူ့လက်တွေကိုပြန်ထုတ်ကာ မျက်မှောင်ကြုတ်ရင်းဖြင့်

"အထဲကအဝတ်အစားတွေလည်း စိုနေတယ်"

သူက စိုးရိမ်လာကာ ကုယွမ်းထင်အား ရေချိုးခန်းထဲ အမြန်တွန်းပို့တော့သည်။

"မြန်မြန်လေး ရေနွေးနဲ့ချိုးလိုက်။ အအေးမိသွားဦးမယ်"
    
ကုယွမ်းထင်သည် သူ့ထံကနေ မထင်မှတ်ဘဲ အတွန်းခံလိုက်ရကာ နှစ်လှမ်းလောက် လှမ်းပြီးမှ ရပ်လိုက်ကာ ပြောလိုက်၏။

"မလိုဘူး။ မိုးပြေးလေးပဲ"
    
စူးယိရန်သည် နှစ်ချက်လောက်တွန်းပေမဲ့ မရွေ့တော့ရာ ချော့လိုက်လေသည်။

"ထင်ကော...ခင်ဗျားအအေးမိရင် ကျွန်တော်စိတ်ပူနေရလိမ့်မယ်။ သွားပါဗျာ။ လိမ္မာတယ်လေ...နော်..အာ"
    
လေသံက နူးညံ့လျက်သား။
    
ကုယွမ်းထင် : "........"
    
နောက်ဆုံးတော့ ကုယွမ်းထင် ရေချိုးခန်းထဲ ဝင်သွားလေတော့သည်။
    
သူ စကားနားထောင်တာကိုမြင်မှ စူးယိရန် စိတ်အေးသွားကာ မီးဖိုချောင်ထဲပြန်သွား၍ ချက်ပြုတ်လေတော့သည်။
    
သူ ဟင်းချက်လို့ပြီးသွားတော့ ထမင်းစားစားပွဲဆီ သယ်သွားကာ အေးမသွားအောင် ပန်းကန်ပြားတစ်ချပ်စီနှင့် အုပ်ထားလိုက်သည်။
    
ခဏကြာတော့ ကုယွမ်းထင်က ရေချိုးခန်းက ထွက်လာကာ စူးယိရန်မှာ မသိစိတ်၏ စေ့ဆော်မှုအရ လှည့်ကြည့်လိုက်မိ၏။
    
ကုယွမ်းထင်၏ ခါးအထက်ပိုင်းက အဝတ်မဲ့နေကာ ခါးက တောင့်တင်းသန်မာလှ၏။ ရေစက်တွေကလည်း ရေချိုးပြီးခါစ ဆံနွယ်နက်တွေဆီကနေ တစ်စက်စက်စီးကျနေကာ သူ၏ ရင်အုပ်တောင့်တောင့်ဆီကို လျောကျလာ၍ ရှစ်မြှောင်းသောကြွက်သားတစ်လျောက်ကနေ ကွေ့ကွေ့ကောက်ကောက် စီးလာကာ ရေချိုးတဘတ်ရှိရာ ခါးအောက်ပိုင်းထဲ၌ ပျောက်ကွယ်သွားလေသည်။

ပြင်းထန်လှသော ဟော်မုန်းများ၏ ရိုက်ခတ်ခံလိုက်ရမှုကြောင့် စူးယိရန်မှာ မသိလိုက်စွာပင် တံတွေးမြိုချမိသွားကာ ခြေထောက်တွေက ပျော့ခွေလာတော့သည်။
    
"ခင်ဗျား..ခင်ဗျား..ခင်ဗျား...ခင်ဗျား...အိပ်ခန်းထဲသွားပြီး အဝတ်ဝတ်လေ!"

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now