Chapter 3 : Part 2

3K 467 12
                                    

Unicode

မျက်စိတစ်မှိတ်အတွင်းမှာ ရက်အနည်းငယ် ကုန်သွားခဲ့ပြီ ဖြစ်သည်။
    
မနက်ဖြန်ဆို အချိုပွဲဆိုင်လေး စဖွင့်တော့မည်ဖြစ်၏။
    
စူးယိရန်က ဆိုင်သို့ မနက်စောစောလေး ထွက်လာလိုက်ကာ ဆိုင်လေးကို အထပ်ထပ် သုတ်ကာ သန့်ရှင်းရေးလုပ်နေသည်မှာ ထောင့်တိုင်းက အညစ်အကြေးတွေ ကင်းစင်သွားသည့်ထိ မရပ်သေးပေ။
    
သူ ဆိုင်လေးကို ထပ်မံစေ့စေ့စပ်စပ်ကြည့်ကာ တချို့အလှဆင်ထားလေးမှုများအား အနည်းငယ်ပြီးပြည့်စုံသွားအောင် ညှိကာ နောက်ဆုံးမှာမှ စိတ်ကျေနပ်သွားသည်။
    
လွန်ခဲ့သည့်နှစ်ရက်က အချိုပွဲလုပ်ဖို့ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းအားလုံးရောက်ရှိလာပြီဖြစ်သည်မို့ သူဟာ မနက်ဖြန်မှာ ရှိုးကေ့စ်နှင့် freezerထဲထည့်ထားမည့် မုန့်အချိုနှင့် သကြားလုံးမျိုးစုံကို စလုပ်နေပြီ ဖြစ်သည်။
    
ခုလို အလုပ်ရှုပ်နေသည့် အချိန်ဇယားနှင့်အတူ နေ့လည်ခင်း ၁၂နာရီခွဲသွားပြီ ဖြစ်၏။ စူးယိရန်မှာ အလုပ်တစ်ဝက်လောက်ပြီးရုံပင်ရှိသေးကာ ခုထိ ဖုတ်၍မပြီးသော ကိတ်တွေကလည်း oven ထဲမှာရှိနေသေးသည်။
    
အကယ်၍ ထင်ကောသာ အရင်လို သူ့ကို ကူညီပေးပါက တစ်မနက်ဖြင့်ပင် အကုန်ပြီးလုနီးပါး ဖြစ်နေလောက်၏။
    
ထင်ကောက သည်နေ့အပြင်မှာ အလုပ်ရှုပ်နေတာတော့ စိတ်မကောင်းစရာပင်။
    
စူးယိရန် တွေးရင်းမှ စွန့်ပစ်ခံရသလို အနည်းငယ် ခံစားလိုက်ရသည်။
    
ထိုစဥ်မှာပင် တံခါးဝ၌ တင်းတောင်ဟု အသံထွက်လာကာ  ဆိုင်၏ ဆိုင်းဘုတ်ကို လာပို့သော လူက ရောက်ရှိလို့လာသည်။
    
စူးယိရန် ပြန်လည်လန်းဆန်းလာကာ နှုတ်ဆက်ဖို့ အပြေးလေး ထွက်လာလိုက်တော့သည်။
    
ဤဆိုင်၏ ဆိုင်းဘုတ်ကို မြို့တွင်းက နာမည်ကြီးဆိုင်းဘုတ်ထွင်းသည့်ဆိုင်မှာ လွန်ခဲ့သည့်တစ်ပါတ်က သူအပ်ထားခြင်းဖြစ်သည်။အဖြူရောင်နောက်ခံပတ်လည်၌ ဆန်းသစ်ကာ ထင်ရှားသည့်သုခုမမူဟန်အနားကွပ်များကို သေသပ်စွာရေးဆွဲထား၍ အလယ်မှာတော့ အနက်ဖျော့ဖျော့ဖြင့် ကျွမ်းကျင်လှပသည့်လက်ရေးဖြင့် စာလုံး လေးလုံးကို ရေးထားပေ၏။ ယိထင်အချိုပွဲ[အချိုပွဲတစ်ဘူး]ဟူ၍။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now