Chapter 4

3.2K 475 10
                                    

Unicode

    
ည ၈နာရီခွဲမှာ ကုယွမ်းထင်က မူလပိုင်ရှင်၏ နေအိမ်သို့ ပြန်လာခဲ့လိုက်သည်။
    
လက်ဗွေရာကိုဖိထည့်ပြီးနောက် တံခါးလော့ခ်က တီဟူသောအသံဖြင့် ပွင့်သွားသည်။ သူ တံခါးကို တွန်းဖွင့်ကာ အိမ်ထဲရောက်ရုံရှိသေး စူးယိရန်တစ်ယောက် ကွင်းထိုးဖိနပ်နှင့် အခန်းထဲက ပြေးထွက်လာတာကို မြင်လိုက်ရ၏။ သူ့ကိုမြင်တော့ မျက်ဝန်းတွေက လက်ဖြာသွားကာ မျက်နှာကအံ့အားသင့်မှုအပြည့်ဖြင့် ပြုံးလို့နေသည်။

"ခင်ဗျားပြန်ရောက်ပြီပဲ!"

စူးယိရန်သည် ကုယွမ်းထင်လက်မောင်းထဲပစ်ဝင်ကာ ခါးကိုလက်နှစ်ဖက်ဖြင့် ဖက်ထားရင်း သူ၏ထင်ကောကိုယ်ပေါ်က ရင်းနှီးနေကျအနံ့လေးကိုရှုရှိုက်နေမိသည်။သူ အလွန်ပျော်ရွှင်စွာဖြင့်

"ခင်ဗျား ဒီနေ့ပြန်လာတာ စောတယ်နော်"
    
ထင်ကောဟာ ခုတလော နေ့တိုင်းနေ့တိုင်း ည  ဆယ့်တစ် သို့မဟုတ် ဆယ့်နှစ်နာရီ မထိုးမချင်း ပြန်မလာတတ်ပေ။ ဒီလောက်စောစောပြန်လာတာ အလွန်ရှားပါးပေသည်။
    
ကုယွမ်းထင်ကတော့ နေရာမှာပင် မတ်တပ်ရပ်နေရင်း ထူးဆန်းသော အနှီခံစားချက်ကြီးက ထပ်ခါတလဲလဲ ပြန်ပေါ်လာပြန်သည်။
    
သူက ရင်ခွင်ကြားက စူးယိရန်ကို ငုံ့ကြည့်ရင်း သာမန်ကာလျှံကာတွေးလိုက်၏။
    
သည်ကမ္ဘာက စူးယိရန်ဟာ သူ၏ အတိတ်ဘဝက စူးယိရန်နှင့် လုံးဝကွာခြားလှသည်။ ဤလူက လုံးဝကိုဆန့်ကျင်ဘက်လူတစ်ယောက်ဟု ပြော၍ပင်ရသည်။
    
ဒါပေါ့ ခုလက်ရှိသူကလည်း လုံးဝကို ဆန့်ကျင်ဘက်ပဲလေ။
    
သူ၏ စုံစမ်းထောက်လှမ်းမှုတွေအရ မူလပိုင်ရှင်၏ အစောပိုင်းအတွေ့အကြုံတွေက သူနှင့်ထပ်တူပင်ဖြစ်ပြီး စူးယိရန်နှင့် တွေ့ချိန်ကျမှ အချိုးအကွေ့တစ်ခု စတင်လာခဲ့တာဖြစ်သည်။
    
သည်ကမ္ဘာက စူးယိရန်ဟာ မူလပိုင်ရှင်အပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးသလို မူလပိုင်ရှင်ကို အကွက်ဆင်တာမျိုးလည်းမရှိခဲ့။တခြားသော အရှုပ်အထွေးကိစ္စများဆို စကားထဲတောင် ထည့်ပြောနေစရာပင်မရှိတော့ပေ။
    
ဆိုတော့ မူလပိုင်ရှင်အဖို့ အနှီစူးယိရန်နှင့် ချစ်ကျွမ်းဝင်ကာ လက်ထပ်ဖို့ဆိုတာ သဘာဝပင်ဖြစ်တန်ရာသည်။
    
စူးယိရန်ဆီက အဖက်ခံထားရသော ကုယွမ်းထင်သည် မလှုပ်မယှက်တောင့်တောင့်ကြီးဖြစ်နေဆဲပင်။ သူက မူလပိုင်ရှင်အပေါ် အတော်ကြီးလွှမ်းမိုးနိုင်စွမ်းရှိသော လူဖြစ်သည့် စူးယိရန်အား မသိမသာငုံ့ကြည့်လိုက်သည်။
    
သူကူးပြောင်းလာပြီးနောက် စူးယိရန်အား မျက်နှာချင်းဆိုင်ရသည့်အခါတိုင်း ပုံမှန်မဟုတ်သည့်တုံ့ပြန်မှုတွေ ပေါ်လာတတ်ပေ၏။ ကုယွမ်းထင်ကတော့ ဒီနေရာမှာ ရှင်းပြချက်တစ်ခုကိုပင်တွေးထားပြီးသားဖြစ်သည်။
    
သေချာပေါက် ဒါဟာ မူလပိုင်ရှင်၏ ကျန်ရှိနေသေးသော အသိစိတ်ကြောင့်ပင်။
    
မူလပိုင်ရှင် ဘယ်ရောက်သွားသလဲဆိုတာနှင့် သေပြီးကာမှ သူဘာကြောင့်ဒီကမ္ဘာရောက်လာသလဲဆိုတာကတော့ အရေးမကြီးလှတော့ချေ။
    
ယခု သူရောက်လာမှတော့ အရာအားလုံးကို သူ့မူလကမ္ဘာကလမ်းကြောင်းအတိုင်း ပြန်သွားပေရတော့မည်။
    
စူးယိရန်ကတော့ သည်လောက်အချိန်တိုလေးအတွင်းမှာ ကုယွမ်းထင် ဘာတွေတွေးနေမှန်းမသိလိုက်။ ခဏမျှဖက်ထားပြီးနောက် သူက လက်ကိုလွှတ်လိုက်ကာ ထင်ကောကို အထဲဝင်လာစေပြီး ဝင်ပေါက်မှာ အိမ်စီးဖိနပ်ချပေးရင်းမှ မေးလိုက်၏။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now