Intro

123 10 1
                                    

''တကယ်တောင်းပန်ပါတယ် မင်ယောင်းရယ် ''

''ဟာ နင်တောင်းပန်လိုက်ရုံနဲ့ပြီးမလား အခု ကိုကိုကနင့်ကိုကြိုက်တယ်လို့တစ်ကျောင်းလုံးရှေ့မှာဝန်ခံလိုက်ပြီလေ ''

''ဒါပေမဲ့ ''

''မရဘူးဟာ ခုချက်ချင်းအဲ့ပြုစားထားတဲ့ဟာကိုပြန်လုပ်ပေး ''

''အဲ့လိုမရဘူးလေ တစ်လစောင့်ရမှာ ''

''အေး အဲ့တာဆိုလည်းအဲ့တစ်လအတွင်းနင် ကိုကိုနဲ့မတွေ့အောင်နေ ''

''အင်းပါ ''

''ပြီးရော ငါသွားပြီ ''

မင်ဂီသက်ပြင်းကိုကျယ်ကျယ်လောင်လောင်နဲ့ချလိုက်မိသည်။ပြသာနာအားလုံးရဲ့အစကမင်ယောင်းကြိုက်နေတဲ့ ဂျောင်ယွန်းဟို ဆိုသောသူဌေးသားလေးကိုပြုစားဖို့မင်ဂီဆီရောက်လာတာကစတာဘဲ ။

မင်ဂီဟာသူ့အဖွားဖြစ်သူရဲ့သွေးပါတာမို့စုန်းအတတ်ပညာတွေနဲ့မွေးလာသူဖြစ်သည်။တစ်ခုဘဲသူ့အခန်းဖော် ဂျောင်အူယောင်း ဆိုတဲ့ပြသာနာကောင်လေးနဲ့အတူရှိနေရတာဘဲ ။အခုဖြစ်တဲ့ကိစ္စကလည်းဒင်းမွှေလို့...ဟူး...ဒီနေ့အတွက်ဒုတိယမြောက်သက်ပြင်းကိုချရင်းအတွေးများကဆေးဖော်တဲ့နေ့ဆီသို့...

''ငါလည်းကြည့်ချင်လို့ပါဆိုကွာ လုပ်ပါ နော် ''

''မရဘူး သတိထားလုပ်ရမှာ ပစ္စည်းထည့်တာမှားရင် တစ်ခြားသူကိုကြိုက်သွားလိမ့်မယ် ဥပမာ မင်းရဲ့သွေးအဲ့ဆေးဖော်တဲ့အိုးထဲကျသွားရင်မင်ယောင်းရဲ့ဘယ်ပစ္စည်းထည့်ထည့်မင်းကိုဘဲကြိုက်သွားလိမ့်မယ် ''

''ငါငြိမ်ငြိမ်လေးထိုင်နေမှာပါ လုပ်ပါ စံနီးကသူ့အိမ်ပြန်သွားလို့ ပျင်းလို့ပါ ''

''ငြိမ်ငြိမ်နေမှာသေချာလား ''

''100% ''

''ပြီးရောလာ ''

''ဟီးဟီး မင်ဂီ အကောင်းဆုံး ''

အဲ့လိုနဲ့အဲ့ငမွှေထိုးလေးကသူဆေးဖော်နေတဲ့တစ်လျှောက်လုံးငြိမ်ငြိမ်ထိုင်နေပေမဲ့ပါးစပ်ကတရစပ်ကိုမေးမြန်းနေတော့၏ ။

''အာ ခဏ ပါးစပ်လေးပိတ်ပေးပါအုံးလားကွာ ''

''မင်ဂီ လက်သတိထား ''

✨ Fake to Fate ✨Where stories live. Discover now