1

40 4 2
                                    

''ဂျောင်ယွန်းဟို ဘာတွေလျှောက်လုပ်နေတာလဲ ''

''ဟမ် ''

''အဲ့ကောင်လေးကိုဘယ်တုန်းကသိတာလဲ ''

''မသိဘူးလေ ''

''ဘယ်လို!!! "

"မသိဘူးလို့ ဒီတိုင်း သူ့ကိုအရမ်းကြိုက်မိနေသလိုဘဲ နောက်ကျောလေးကိုမြင်လိုက်တော့ရင်ထဲမှာလိပ်ပြာတွေပျံနေသလိုဘဲ ''

''ပြုစားခံထားရသလိုဘဲ ဂျောင်ယွန်းဟိုရယ် ''

''ဗျာ ''

''ဘာမှမဟုတ်ဘူး ''

ဆုန်းမင်ဂီတစ်ယောက်အတန်းရှေ့မှာအပြစ်ပေးခံရလို့ရပ်နေရ၏ ။အခန်းထဲကဂျောင်အူယောင်းကိုလည်းကြည့်ဖို့မမေ့ အတန်းပြီးလို့ကတော့သေပြီသာမှတ်...

''မင်ဂီရာ အူယောင်းကိုလွှတ်ပေးလိုက်ပါအုံး ''

''ဟျောင်း ဝင်မပြောနဲ့ ဒီကောင်မွှေတာ ''

''မင်ဂီကလည်း ငါလည်းမှောင်နေတော့ သေချာမမြင်ရလို့ပါ ''

ကျောင်းဆင်းချိန်ပေမဲ့ထူးဆန်နေတဲ့သူတို့သုံးယောက်ကြောင့်တစ်ချို့ကျောင်းသားများကကြည့်သွားကြ၏ ။အခုချိန်ပုံရိပ်ကတော့ သူ့အရပ်ကြီးနဲ့ဂျောင်အူယောင်းဂုတ်ကိုအတင်းလှမ်းဆွဲထားတဲ့ဆုန်းမင်ဂီနဲ့သူတို့နှစ်ယောက်ကြားညှပ်နေတဲ့ဂင်မ်ဟုန်ဂျွန်းရယ် အတင်းကာရောထွက်ပြေးဖို့ကြံနေတဲ့အူယောင်းရယ်ပင်ဖြစ်သည်။

''မင်ဂီ ''

''ဗျာ''

''ကိုယ်...''

''အာ စီနီယာ တွေ့ရတာဝမ်းသာပါတယ် သွားပြီနော် ''

အဖြစ်အပျက်ကမြန်ဆန်၏။ ဂျောင်ယွန်းဟို အားမြင်သည်နှင့်ဆုန်းမင်ဂီသည်ဂျောင်အူယောင်းအားလွှတ်ချကာထွက်ပြေးတော့သည်။

''အဲ့ စီနီယာ အဲ့တာဆို ကျွန်တော်တို့လဲ ''

''ဂျောင်အူယောင်းမလား ''

''ဗျာ ဟုတ် ''

''ရပြီသွားတော့ ''

အူယောင်းနဲ့ဟုန်ဂျွန်းလည်းစီနီယာတွေနားကအမြန်လစ်ပြေးဖို့အပြင်...

''အကောင်သေးသေးလေးနေအုံး ''

''ဗျာ ကျွန်တော်လား?''

You've reached the end of published parts.

⏰ Last updated: Dec 07, 2023 ⏰

Add this story to your Library to get notified about new parts!

✨ Fake to Fate ✨Where stories live. Discover now