Permit

1.6K 2 0
                                    

အဲ့လိုနဲ့ ကျွန်တော်တို့ Dockကို ရောက်သွားကြတယ်ပေါ့
မှတ်မှတ်ရရ နေ့လည်ဘက်ရောက်တာဆိုတော့
အလုပ်တွေရှုပ်ချက်က ညနေ6 နာရီမှ နားရတယ်ဗျာ
နားတာနဲ့ ကိုယ့်အခန်းကိုယ်မပြန်ကြသေးဘဲ
chef အခန်းထဲ ဝိုင်းဖွဲ့ပီး  Bar သွားဖို့တိုင်ပင်ကြတာပေါ့
ကံကဆိုးချင်တော့ ကိုယ်တွေ ကမ်းဆင်းခွင့် permitက
နက်ဖြန်မှရမယ်ဆိုတော့ အကုန်ကိုယ့်အခန်းကိုယ်
တပ်ခေါက်ပြန်ကြရတာပေါ့ဗျာ
နောက်နေ့မိုးလင်းတော့ ထုံးစံအတိုင်း အလုပ်ခွင်ဝင်
အလုပ်တွေလုပ်နဲ့ ညနေသုံးနာရီကျ ကမ်းဆင်းလို့ရပီဆိုတဲ့
သတင်းရတော့ အကုန်အလုပ်သာလုပ်နေကြတာ
စိတ်ထဲတော့ အကုန်ပျော်နေကြတာပေါ့

ဒီလိုနဲ့ ညနေအလုပ်သိမ်းတာနဲ့ ရေမိုးချိုး styleထုတ်
ပီးတာနဲ့ ကိုချက်(chef) အခန်းကိုသွားပီးကျန်တဲ့လူတွေကို
စောင့်မယ်ပေါ့ အံမယ် ဆရာသမားတွေက ကိုယ့်ထက်
ဝီရိယကောင်းနေတာ လူစုံတက်စုံကိုရောက်လို့
အငယ်ကောင် မင်းကိုစောင့်နေတာတဲ့ အငယ်ဆုံးဖစ်ပီး
တတ်တတ်ကြွကြွ မရှိဘူးဆိုပီး အဆူခံလိုက်ရသေး😅
ပီးတော့ ကျွန်တော်တို့ စပီးချီတတ်ကြတာပေါ့ဗျာ
နေရာကတော့ မပြောလဲသိတယ်မှတ်လား😂😂😂

ပင်လယ်ပျော်မှတ်တမ်းWhere stories live. Discover now