⛩️(4)𝒁𝒂𝒘𝒈𝒚𝒊⛩️

891 118 0
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း(၄)

သမားတော်ကြီးမှာ အသက်ကြီးနေပြီမို့
ရဲသီဟ၏ ခြေလှမ်းတွေကို မှီအောင်မလိုက်ဘဲရှိနေသည်။

"သမားတော်ကြီး မြန်မြန်လျောက်စမ်းပါ
ဟိုမှာ မြို့စားကတော်ကို
အချိန်မှီမကယ်မနိုင်ရင်
အသင် ပဲခေါင်းပြတ်မှာ"

"တပ်မှူးလေးရယ် ဒီလူကြီးကအိုနေပါပြီ"

ရဲသီဟ မှာစိတ်မရှည်ဟန်ဖြင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း အနီးအနားက
အစောင့်ရဲမက် နှစ်ယောက်ကို လက်ယက်ခေါ်ကာ အမိန့်ပေးလိုက်သည်။

"သူ့ကို ဂျိုင်းက ကိုင်ပြီး
တစ်ဖက်ဆီ မ,ခဲ့ကြ"

သူကိုယ်တိုင်လဲ ဆေးသေတ္တာကိုကိုင်ကာ
မြို့စားမင်း နန်းဆောင်ဆီ အမြန်လျောက်ခဲ့သည်။

သမားတော်က အခန်းထဲ ဝင်သွားသည့်တိုင် စဝ်ခွန်သ မှာ စိတ်မအေးနိုင်သေး။
အခန်းဝ၌ ရှေ့လျှောက်နောက်လျှောက်နှင့်
ဖြစ်နိုင်လျှင် ခုချက်ခြင်း တံခါးကို ဖွင့်ကာ
သူကိုယ်တိုင် အခြေအနေကြည့်ချင်သည်။

သို့သော် မသင့်လျော်။

ရန်သူနောက်လိုက်သွားသော ရဲဒိပ္ပ တောင်ပြန်ရောက်လာပြီ သမားတော်က ခုထိထွက်မလာသေး။

ဒိပ္ပ သူ့သခင်ကို ကြည့်လိုက်သည်။ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသော စိုးရိမ်မှုတစ်ချို့ မျက်နှာ၌ ပေါ်နေ၏။
ဒိပ္ပ အနေနှင့် စဝ်ခွန်သ အနားခစားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ယခုကဲ့သို့ ပြာယာခတ်နေသည်ကိုကား တစ်ခါမျှမတွေ့ဖူး။

"အရှင် ကျွန်တော်မျိုး
ပြန်ရောက်ပါပြီ"

"ဘယ်နှယ့်ရှိစ ဒိပ္ပ"

"နှစ်ယောက်က မိခါနီး
အဆိပ်သောက်သွားပါတယ်
တစ်ယောက်ကို အရှင်ဖမ်းမိတာ
ကျွန်တော်မျိုး လက်စပြင်းသွားလို့
ခုထိသတိမရသေးပါဘူး"

စဝ်ခွန်သက တစ်ချက်စဉ်းစားဟန်ဖြင့်

"ကောင်းပြီ ဒိပ္ပ
နောက်ကွယ်က လူကို
ရအောင်စုံစမ်းချေ"

"နာခံလျက်ပါ"

ရဲသီဟ နှင့် ရဲဒိပ္ပ တို့ထွက်သွားပြီး ခဏအကြာ သမားတော်ကြီးလဲထွက်လာသည်။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now