Chapter 5

3K 557 17
                                    


Unicode

ရှာလကာရည်အိုးလေး

    
ကုယွမ်းထင်က သူ့ရှေ့က အချိုပွဲဆိုင်ကို မော့ကြည့်လိုက်သည်။"ယိထင်အချိုပွဲ"သည် နေရောင်အောက်မှာ တောက်ပစွာလင်းဖြာနေသည်။
    
သူဘာလို့ ဒီရောက်လာခဲ့မိလဲတော့ မပြောတတ်ချေ။ သို့သော်လည်း သူဆိုင်ရှေ့က ဖြတ်မောင်းတော့မည့်အချိန်ကတည်းက မူလပိုင်ရှင်နှင့် စူးယိရန်ဖွင့်သည့် ဆိုင်ကိုကြည့်ဖို့ ရပ်သင့်သည်ဟု ခံစားနေရသည်။
    
ဆိုင်ထဲဝင်လာတော့ ဆိုင်ထဲက ထိုင်ခုံနေရာတွေက တစ်ဝက်ကျော်လောက်ပြည့်နေကာ ရှိုးကေ့စ်တွေနားမှာ ဘယ်ဟာယူရမလဲရွေးဖို့ပန်းကန်ပြားလေးတွေကိုင်ကာ လှည့်ပတ်ကြည့်ရှုနေကြသည့် ကာစတန်မာအနည်းငယ်ကိုလည်းတွေ့လိုက်ရသည်။ကောင်တာမှာ အော်ဒါမှာဖို့တန်းစီနေသည့် ကာစတန်မာတချို့လည်း ရှိပေသေးသည်။ စီးပွားရေးကတော့ ပထမဆုံးနေ့မှာပင် ကောင်းမွန်နေခဲ့ချေလေပြီ။

စူးယိရန်က ကာစတန်မာတစ်ယောက်မှာသည့် ပိန်းဥအရသာ သာကူပူတင်းကို လုပ်ပေးနေစဥ် ရုတ်တရက် ကောင်တာအနားရှိစားပွဲခုံဆီကနေ ပင့်သက်ရှိုက်သံတချို့ကိုကြားလိုက်ရသည်။ အသံက အလွန်တရာမှ တိုးဖွပြီး ယင်းက ဆိုင်ထဲပထမဆုံးဝင်လာသောမိန်းမငယ်လေးများထံမှပင်။ သူက မသိစိတ်အရ လှမ်းကြည့်မိလိုက်တော့ တံခါးဘေးမှာရပ်နေသည့် ကုယွမ်းထင်ကို ဖျတ်ခနဲ မြင်မိသွားလေသည်။

ကုယွမ်းထင်ဟာ အရပ်ရှည်ပြီး ခြေတံရှည်များလည်းရှိသည်။လေကာအင်္ကျီပါးပါးကို ဝတ်ဆင်ထားကာ သူ့ပုံစံက မိမိုက်​နေပြီး ချောမောကာ လေးနက်တည်ကြည်နေ၍ ကြက်အုပ်များကြားမှ ကြိုးကြာတစ်ကောင်အလား အလွန်တရာမှ ထင်းထွက်နေသည်။
    
စူးယိရန်သည် ရွှင်မြူးစွာ အတော်အံ့အားသင့်သွားသည်။ သို့သော်လည်း ရှေ့မှာ ကာစတန်မာတွေရှိနေသေးတာကြောင့် လှမ်းခေါ်တော့မည့်သူ့ကိုယ်သူ ထိန်းချုပ်ကာ ဧည့်သည်များကိုသာ အရင်ဂရုစိုက်ပေးနေလိုက်သည်။
    
ကုယွမ်းထင်က ဘေးမှာရပ်ကာ ဤဆိုင်အသေးလေးကိုကြည့်လိုက်သည်။အနှီဆိုင်လေးက လူလတ်တန်းစားမရွေးစားသုံးနိုင်သော ဆိုင်လေးဖြစ်ကာ အဖြူနှင့်အစိမ်းဖျော့ကို အဓိကအရောင်အဖြစ်သုံးထား၍ decoration စတိုင်တစ်ခုလုံးက ရိုးရှင်းကာ ဆန်းသစ်ပြီး ကြော့မော့လှပသည့်ပန်းတချို့ဖြင့်လည်း အလှဆင်ထားလိုက်သေးသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now