Beginning

2.8K 177 35
                                    

အစွန်းနှစ်ဖက်မှာရပ်မိနေကြတဲ့လူနှစ်ယောက်ကြားကလေထုဟာ ပျင်းရိခြောက်သွေ့ဖွယ်။
အေးစက်စက်လေတွေကသိပ်အကျည်းတန်လွန်းပြီး အသားစလေးတွေအထိ ရေခဲမှုန်တွေထိမှန်သကဲ့သို့ ရှတတ ။တိမ်စိုင်တွေမရှိတဲ့ကောင်းကင်ပြာကြီးက ကြည့်ရဆိုးပါ၏။

"မင်းဒီကနေ ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့"

"ငါသေပစ်မှာ ဂျွန်ဂျောင်ဂု"

ကွဲကြေနေတဲ့ ဖန်ခွက်အပိုင်းအစတွေကဲ့သို့ နားဝင်ဆိုးတဲ့စကားမျိုးကိုသူဆိုမိသည်။ အဖြူရောင်ဝတ်ထားတဲ့ သတို့သားလောင်းက သိပ်ကြည့်ကောင်းနေပေမယ့် သူမဖမ်းဆုတ်နိုင်ခဲ့တဲ့ဖြူလွှလွှတိမ်စိုင်တစ်ခုသာသာပါပဲ။စင်စစ်မှာ ဂျွန်ဂျောင်ဂုကိုသူဟာ ဘယ်တုန်းကမှမပိုင်ဆိုင်ခဲ့ဘူးပါချေ။

"ဒါကမင်းနဲ့ကစားနေရမယ့်အချိန်လို့ထင်နေတာလား ထယ်ယောင်း..
မင်းကို ဒီလိုတွေလုပ်ခွင့်ပေးဖို့ ခမ်းမထဲမှာဂျင်ယောင်းကိုတစ်ယောက်တည်းထားခဲ့တာမဟုတ်ဘူး"

ဂျောင်ဂုက သူ့ကိုနားလည်ရခတ်စွာကြည့်နေခဲ့ပါသည်။ ဘယ်လိုလုပ်မလဲ သူ့ကိုယ်သူတောင် သူနားမလည်နိုင်တော့ပါဘူး။

"လက်မထပ်ပါနဲ့."

"မသွားပါနဲ့ ဂျွန်.. ငါတောင်းဆိုပါတယ်"

ပြောရမလွယ်သောစကားလုံးပေါင်းများစွာက ရင်ထဲတင်းကြပ်စွာနေရာယူထားသည်။သူသိတာက ဂျွန့်ကိုဆွဲထားချင်စိတ်တစ်ခုတည်းသာ ။
သင့်၏ မသင့်၏ မျှတ၏ မမျှတ၏ သူမတွေးတော မဆင်ခြင်နိုင်တော့တဲ့အဆင့်ထိပင်ရောက်နေခဲ့ပါပြီ။

နောက်ဆုံးကြိုးမျှင်ဆိုတာဟာသူ့လိုလူအတွက်တော့ သေရေးရှင်ရေးတမျှအရေးကြီး၏။အဲ့ဒီကြိုးမျှင်ကိုလွယ်လွယ်နဲ့လွှတ်ပေးလိုက်ရရင် သူနောင်တတွေအပြည့်နှင့်အဆုံးသတ်ရလိမ့်မယ်ထင်။

"ကျစ်.. ထယ် မင်းဘာဖြစ်နေတာလဲ? ဟိုမှာအားလုံး စောင့်နေလိမ့်မယ်"

"မဟုတ်ဘူး.. မသွားရဘူး ဂျွန်..မင်းမသွားရဘူး။မင်းကဘာလို့သူ့ကိုမှရွေးခဲ့တာလဲ..
မင်းက.. မင်းကGayလား"

ကင်မ်ထယ်က တုန်လှုပ်စွာဆိုမိသည်။
ထိုယောကျ်ားကသာ ယောကျ်ားတွေကိုစိတ်ဝင်စားခဲ့မယ်ဆိုရင် အရင်အရွေးချယ်ခံခဲ့သင့်တာဟာ သူတစ်ယောက်ပဲရှိနေခဲ့သင့်တာ။
ဒီနိုင်ငံကထွက်သွားရတဲ့အဓိကအကြောင်းအရင်းဟာ Gayတွေကိုမုန်းတဲ့ဂျောင်ဂုအတွက် အချိန်ပေးထားခြင်းဖြစ်သလို ဂျွန့်မိဘတွေဆီကအသိအမှတ်ပြုခံရခဲ့ဖို့လည်းဖြစ်သည်။
အခုတော့အ​ခြေအနေတွေက ဘာတွေဖြစ်ကုန်တာလဲပင်သူလိုက်မမှီတော့။

Another Chance Where stories live. Discover now