Part 1

1.2K 152 38
                                    

ကင်မ်ထယ်ယောင်းက နောက်တစ်ကြိမ်ပြန်ပြီးနိုးထလာခဲ့တယ်။မိုးမျှော်တိုက်ကြီးပေါ်ကခုန်ချခဲ့တာတောင်သူဟာမသေခဲ့ဘူး။
ထူးဆန်းတာက နာကျင်မှုအနည်းငယ်တောင်ရှိမနေခဲ့ခြင်းပင်ဖြစ်သည်။မျက်လုံးတွေကိုဖွင့်ကြည့်တော့ ရင်းနှီးနေတဲ့ပတ်ဝန်းကျင်ကိုနောက်တစ်ကြိမ်ပြန်တွေ့လိုက်ရ၏။

"ယောင်းလေး.. သားအဆင်သင့်ဖြစ်ပြီလား"

အိုမားအသံကိုကြားနေရသည်။ဘယ်လိုဖြစ်လို့လဲ။ သူဆေးရုံတက်နေရတဲ့သတင်းကြားပြီးကိုရီးယားကိုလိုက်လာခဲ့တာများဖြစ်နေမလား။

"မြန်မြန်လုပ်တော့ သားရေ"

"ဟုတ်"

ဘာကိုမြန်မြန်လုပ်ခိုင်းတာလဲသူမသိသလို ဘာကြောင့်အရင်အိမ်ကိုပြန်ရောက်နေရမှန်းလည်းသူမသိနေ။
ဘာမှမ​ရေရာမသေချာသေးပေမယ့် အိပ်ယာကနေထလိုက်သည်။အထပ်အမြင့်ကြီးပေါ်ကပြုတ်ကျထားတာတောင် ဘာလို့ နည်းနည်းမှနာကျင်မှုမရှိရတာလဲ။သူရူးများသွားလေသလား။
ကုတင်ဘေးမှာစီထားတဲ့ luggage တွေကသူ့ကိုပိုလို့အ​တွေးများ​စေပါ၏​။ဒီဟာတွေကရောဘာအတွက်ပါလိမ့်။

တံခါးဖွင့်သံကိုကြားလိုက်တယ် ။ စိတ်မရှည်တော့တဲ့အိုမားက သူ့အခန်းထဲထိဝင်လာပုံရပါသည်။
သူမရဲ့ရုပ်ရည်ကပိုပြီးနုပျိုသွားသယောင်တောင်ထင်ရသည်။

"ရှင်လေးကအခုမှအိပ်ယာထတယ်ပေါ့..မနေ့ညကတော့ အဆောင်ကိုအသည်းအသန်သွားချင်နေပြီးတော့"

"အဆောင်?"

"ကဲ.. မြန်မြန်ထရေမိုးချိုး.. ကြာနေရင် မင်းရဲ့Appaက စိတ်ပြောင်းပြီး အဆောင်မထားတော့မှမငိုနဲ့နော်"

အိုမားကပြောပြီး ပြုံးတုံ့တုံ့နဲ့ထွက်သွားတယ် ။
ထယ်ယောင်းစိတ်ထဲကတော့ အချက်ပေးသံအကျယ်ကြီးမြည်သွားတာကိုသတိပြုမိသည်။

"Appaကဘယ်လို"

ကင်မ်ထယ်ယောင်းရဲ့ဖခင်က သူအထက်တန်းနှစ်လောက်ကတည်းက အက်စီဒန့်ကြောင့်ဆုံပါးသွားခဲ့ပြီဖြစ်တယ်။အဲ့ဒီတုန်းက သူဘယ်လောက်တောင် ကမ္ဘာပြိုခဲ့ရသလဲ။
ဒါ​ပေသိအခုတော့ သူ့ရဲ့ဖခင်ကလောကကြီးထဲမှာရှိနေသေးသည်တဲ့။

Another Chance Where stories live. Discover now