12 • မဂၤလာပြဲ | မင်္ဂလာပွဲ

248 43 9
                                    

Zawgyi

မင်တုံးဖြင့် ဖြန့်ထားစေတဲ့ ဆင်စွယ်​ရောင်စာရွက်ပြန့်ပေါ်၌ မင်ရောင်တို့က ပုံပန်းတစ်ခုကို တစ်စတစ်စ ရုပ်လုံးပေါ်လာစေသည်။ ပန်းချီပြီးမြောက်သွားတဲ့အခါ အနှီအမျိုးသားဟာ ပြုံးသည်။

စုတ်တံကိုင်ထားခြင်းကို မေ့မှားပြီး မျက်နှာပြင်ရှိချွေးစတို့ကို သပ်မိတဲ့အခါ မင်တစ်ချက်ဟာ သူ့နဖူးထံမှာ ပေကျံသည်။

အိမ်ရှေ့စံတစ်ဦးရဲ့ ပုဒ်ရပ်နှင့် မလျော်ညီစွာ မင်တွေ ပေကျံနေတဲ့ မျက်နှာ၊ အဝတ်အစားတို့ဖြင့် အိမ်ရှေ့စံဟာ ဘယ်ပန်းချီကိုများ အမောတကဲ ဆွဲနေခဲ့သလဲ စူးစမ်းလျှင် အဖြူရင့်ရောင် ကားချပ်ပေါ်မှ ကောင်လေးတစ်ဦး၏ပုံရိပ်ကို တွေ့ရပါလိမ့်မည်။

အဖြူရောင်အောက်ခံပြင်မှာ အနက်ရောင်ဖြင့်သာ ကွန့်မြူးထားပေမဲ့ ရေလှိုင်းများ၊ နှုံးပြင် နှင့် ဆည်းဆာအလှကို အရောင်အသွေးတို့ဖြင့် စိတ်ကူးဖော်လို့ ရသည်အထိ လက်ရာမြောက်သည်။

ပန်းချီထဲက ကျောခိုင်းထားတဲ့ အမျိုးသားဟာ သူ မမြင်ရတဲ့ဘက်ခြမ်းမှာ ပြုံးသော်လည်း ပြုံးနေခဲ့ပါလိမ့်မည်။

ဒါဟာ သူ ရေးဆွဲဖြစ်တဲ့ ဆွန်းမင်ရဲ့ တတိယမြောက်ပန်းချီဖြစ်၏။

ပထမဆုံးပန်းချီက စတွေ့တဲ့နေ့ကပုံရိပ်ဖြစ်ပြီး ဒုတိယမြောက်ပန်းချီမှာတော့ ဆွန်းမင်ဟာ ကင်မ်အိမ်တော်ရဲ့ လသာဆောင်၌ အဝေးတစ်ရပ်အား ငေးမောနေခဲ့သည်။

စဉ်လာအားဖြင့် တော်ဝင်မျိုးနွယ်တွေဟာ ထိပ်တန်းပန်းချီရေးဆရာ​တွေရဲ့ လက်ရာအောက်မှာ ရုပ်ပြအဖြစ် ကြွကြွလေး ရှိနေခဲ့ကြပေမဲ့ ဟျွန်းဂျင်ကတော့ သူ့ရဲ့ပုံတူတွေကို ရေးဆွဲခံမယ့်အစား အခြားအမျိုးသားတစ်ဦးရဲ့ ပန်းချီတွေကိုသာ ရေးနေခဲ့ပါတယ်။

ဖြစ်ခြင်းတွေကို ခြုံငုံတော့ ဆွန်းမင်နှင့် စတွေ့ကတည်းက ထုံးတမ်းတွေကို သူ တောက်လျှောက်ချိုးဖျက်လာခဲ့တာပဲမလား။

မိမိအား အန္တရာယ်ပြုမယ့်သူမှန်း သိပါလျက် အနားမှာ ထားရှိခဲ့တယ်။ မျိုးတူအမျိုးသားတစ်ဦး ဖြစ်နေပါလျက် လက်ထပ်ယူခဲ့တယ်။ အခွင့်မရလျှင် မော်ဖူးခွင့်ပင် မရှိတဲ့ အိမ်ရှေ့စံတစ်ဦးဖြစ်ပါလျက် ထိုကောင်လေးကိုတော့ ဓားဖြင့် ချိန်ရွယ်ပြီး ဆံစက​နေ သွေးစအထိပါ အကြိမ်ကြိမ် ထိပါးခွင့်ပြုခဲ့တယ်။

The Portrait : King's Beloved • 황승Where stories live. Discover now