27 • အနီရောင်ပန်းချီကား | အနီေရာင္ပန္းခ်ီကား

174 27 5
                                    

Unicode

အချစ်ဦး မြေးဦးရတိုင် မမေ့နိုင် တဲ့။

အချစ်ဦး၊ ရည်းစားဦးအပြင်
အစ်ကိုတစ်ယောက်လိုပါ ဖြစ်ခဲ့တဲ့ ချန်းဘင်က
သူ့စိတ်တစ်ထောင့်တစ်နေရာမှာ နေရာယူဆဲပါပဲ။
စည်းဘောင်အထပ်ထပ်နဲ့ ဖြစ်သွားတာကလွဲရင်ပေါ့။

သို့သော် ဟျွန်းဂျင်နဲ့လက်ထပ်ပြီးကတည်းက
ချန်းဘင်နဲ့ နှစ်ယောက်တည်း တစ်ခါမှ
မတွေ့ဖြစ်ခဲ့ပါဘူး။ သတိရတဲ့စိတ်ထက်
အများအမြင်မှာ အထင်မလွဲစေလိုတဲ့ စိတ်က
ဆွန်းမင်ကို အနိုင်ယူခဲ့လို့ဖြစ်သည်။

ဒါပေမဲ့ အခုတော့ ကိစ္စတစ်ခုကြောင့်
သူ ချန်းဘင်နဲ့မျက်နှာချင်းဆိုင်မှာ
ရှိနေရပါပြီ။

"အိမ်ရှေ့စံ မပါဘူးလား ကြင်ရာတော်လေး"

ချန်းဘင်ရဲ့စကားအသွားအလာဟာ သူ့အား
ခနဲ့ချင်နေမှန်း သတိပြုမိပေမဲ့ ဆွန်းမင်
အပြစ်မတင်နိုင်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်းဘင်ဘက်က
ကြည့်ရင် သူက ချစ်သူရှိလျက်နဲ့ အိမ်ရှေ့စံနဲ့
လက်ထပ်ခဲ့တဲ့ သစ္စာဖောက်တစ်ယောက်ပဲမလား။

"တစ်ယောက်တည်း လာခဲ့တာပါ"

အငွေ့တလူလူပျံနေဆဲ အခါးရည်ကို
ဆွန်းမင် တစ်ထိုင်တည်း မော့ချလိုက်သည်။
ဘယ်လောက်ပူပူ သူ့ရင်ထဲက မငြိမ်းချမ်းမှုကို
ယှဥ်နိုင်မှာမှ မဟုတ်ပါဘဲ။

"ဘာအကြောင်းအရင်းရှိလို့ လာခဲ့တာလဲ"

အကြောင်းမရှိဘဲ ဘာကိုမှ မပြုလုပ်တတ်တဲ့
ဆွန်းမင်အကြောင်းကို သိနေဆဲ ချန်းဘင်ဟာ
လိုရင်းကို မေးခွန်းထုတ်လာခဲ့သည်။

"မင်းကြီးရဲ့ကျန်းမာရေး ဆိုးရွားလာတာရော၊
နန်းတော်ထဲမှာ အဖွဲ့နှစ်ဘက်ကွဲနေတာရော
သိပြီးသား ထင်ပါတယ်"

"ငါ ဘယ်ဘက်မှ ပါဖို့ အစီအစဥ်မရှိဘူး"

ချန်းဘင် ဒီလိုဖြေလာလိမ့်မယ်ဆိုတာ
ဆွန်းမင် သေချာပေါက် ကြိုသိနေခဲ့တာပေါ့။

"ဒါပေမဲ့ ယုံးဘို့ကတော့ အိမ်ရှေ့စံဘက်မှာ
သေချာပေါက်ရှိနေမှာ"

"ငါ့ဆီက ဘာလိုချင်တာလဲ"

ဆွန်းမင်ဟာ ချက်ချင်းမဖြေသေးဘဲ
ဘေးဘီကို အကဲခတ်ကြည့်သေးသည်။
အပြင်မှာ ခိုးနားထောင်နေတဲ့သူ မရှိတာ
သေချာတော့မှ အ​ဖြေပေးသည်။

The Portrait : King's Beloved • 황승Where stories live. Discover now