Part-5

75 12 7
                                    

Unicode
"အဖေ... ဒါမဖြစ်သင့်တာပဲမလား။ ဘာလို့ကျွန်တော့်ခွင့်ပြုချက်တောင်မယူဘဲ အလျင်စလိုဆုံးဖြတ်ပစ်လိုက်တာလဲ။ ကျွန်တော့်ကိစ္စကိုကျွန်တော်ရှင်းမယ်ဆိုနေမှဗျာ။"

Mr.Hagaက ထိုင်ခုံပေါ်အေးအေးဆေးဆေးခြေ ချိတ်ထိုင်လိုက်ပြီး ပြန်ပြောလာသည်။

"မင်းကလက်နှေးတာကိုးAkiraရ။"

"ဒီအတိုင်းဆို Shiroက လက်ခံမှာမဟုတ်ဘူး။"

"ပြောပါအုံး... မင်းမှာ ဘယ်လိုအကြံအစည်တွေများရှိထားလို့လဲ။"

Akiraသည် သူ့အကြံအစည်များကိုပြောပြလာခဲ့သည်။ Mr.Hagaက မျက်ခုံးမြှင့်ကာ ခေါင်းအသာညိတ်သည်။

"အဲဒီအတိုင်းဆို မနှေးလွန်းဘူးလား။"

"ဒီကိစ္စက လုံးဝလောလို့မရဘူးအဖေ။ ကျွန်တော်ဖြည်းဖြည်းချင်းသွားဖို့ပဲစဥ်းစားထားတာ။"

"မင်းအမေရော ဘာပြောလဲ။"

"ဒါကအမေနဲ့မှ မဆိုင်တာကို။"

Mr.Hagaသည် သူသိနေနှင့်ပြီးသားဟူသော အထာဖြင့် ခပ်ပြုံးပြုံးဆိုလာသည်။

"နောက်ဆို ဆိုင်ရင်ဆိုင်လာမှာပေါ့။"

ထိုစကားတို့ကြောင့် Akiraအနည်းငယ်ရှက်သွားသည်။ သူ့ဘက်ကအသည်းအသန်ဖြစ်နေခြင်းကို မိဘများပါသိနေပြီထင့်။

"ဒါပေမဲ့ ကျွန်တော်ပဲသွားမှာနော်အဖေ။ ဘယ်သူ့ကိုမှ မလွှတ်ရဘူး။"

ထိုအချက်ကိုတော့ Mr.Hagaက လက်မခံခဲ့ပေ။

"မင်းသွားလို့မရဘူးလေ Akira.. မင်းကအခုမှ ကုမ္ပဏီကို ဦးဆောင်ရုံပဲရှိသေးတာ။ မင်းဦးဆောင်တဲ့ကုမ္ပဏီကို တိုးတက်အောင်ကြိုးစားနိုင်မှ မင်းအတွက် နေရာကောင်းကသေချာမှာ။ အမျိုးတွေအားလုံးက မင်းကိုပံ့ပိုးပေးနေတယ်ဆိုတာလည်း မင်းကတခြားသူတွေထက်တော်လို့ပဲ။ မင်းသေချာမကြိုးစားရင် မင်းကာကွယ်ချင်တဲ့သူကိုထား... မင်းကိုယ်မင်းတောင်ကာကွယ်နိုင်မှာမဟုတ်ဘူး။"

ထိုစကားကိုကြားတော့ သူတိတ်ဆိတ်သွားသည်။ Shiroအနားမှာနေရဖို့ကို သူထပ်မစောင့်ချင်တော့ပေ။ သို့သော် ယခုအခြေအနေနှင့်ဆိုလျှင် ဝေးကွာလွန်းနေသေးသည်လေ။

အချစ်ဆုံးသို့Tahanan ng mga kuwento. Tumuklas ngayon