Part-10

60 7 5
                                    

Unicode
နောက်ရက်များတွင်တော့ Fukumura Groupမှ ထိုလူမိုက်ဆန်ဆန်သခင်လေးသုံးယောက်သည် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနှင့် ထောင်နန်းစံလိုက်ရလေသည်။ ခေတ်မီတိုးတက်နေသောခေတ်ကြီးဖြစ်သော်ငြား မူးယစ်ဆေးဝါးအချို့နှင့် လက်နက်များကိုတော့ စည်းကမ်းတင်းကြပ်ထားဆဲပင်။ ထိုသုံးယောက်သည် ယခုမှအစပြုကာ စမ်းသုံးကြည့်ခြင်းဖြစ်သော်ငြား ချက်ချင်းပင်လက်ပူးလက်ကြပ်မိသွားခဲ့သည်။ ထိုကိစ္စကို Fukumura Groupမှ လူကြီးအချို့က မရိုးရှင်းဟုတွေးနေကြသော်ငြား လက်သည်မဖော်နိုင်ဘဲဖြစ်နေလျက်ရှိလေသည်။

ထိုသတင်းကို Mrs.Fukumura ကြားတော့ အားရပါးရရယ်သည်။

"ကြည့်ပါအုံး။ မလောက်လေးမလောက်စားလေးတွေအဖမ်းခံရတာ သနားဖို့တောင်မကောင်းဘူး။ မိဘကအလိုလိုက်ထားတာနဲ့ ဆိုးချင်တိုင်းဆိုးနေကြတာ။ ကဲ... Keikoရေ... ဒီရက်ပိုင်းထဲမှာ Fukumuraမိသားစု တွေ့ဆုံပွဲရှိတယ်နော်။ ဖွားဖွားကြီးရဲ့မွေးနေ့လည်းဖြစ်တော့ အားလုံးလူစုံတက်စုံ သွားကြမှာ။"

"ဟုတ်မာမီ။ အဲဒီအတွက် Keikoတို့ လိုအပ်တာတွေသွားဝယ်ရအောင်လေ။ အခုရက်ပိုင်း ဒီဇိုင်းသစ်တွေက စျေးကွက်ထဲတင်ဖို့ချုပ်နေပြီဆိုတော့ Keikoလည်းအားနေတာ။"

"ကောင်းတာပေါ့။ သွားရအောင်။"

သို့နှင့် သားအမိနှစ်ယောက်စျေးဝယ်ထွက်ကြလေသည်။ Heaven Shopping Center ကြီးသည် Miyabiတွင်အကြီးဆုံးစင်တာကြီးဖြစ်ပြီး အဝတ်အစားနှင့် စားစရာများမှအစ စက်တပ်ယာဥ်များအထိ အသုံးအဆောင်မျိုးစုံကိုရောင်းချပေးသည်။ Shiro၏ လူသုံးကုန်ပစ္စည်းဆိုင်သည်ပင် ထိုနေရာတွင် စတင်ရောင်းချနေပြီဖြစ်သည်။

Shiroသည် လူသုံးကုန်ပစ္စည်းအချို့ကို ကိုယ်တိုင်ထုတ်လုပ်ကာ ဖြန့်ချီသည်။ ပစ္စည်းတော်တော်များများကို ထုတ်လုပ်ရေးများနှင့် ချိတ်ဆက်ကာ လက်လီလက်ကား နေရာအရောက်ပို့ဆောင်ပေးလေ့ရှိသော်ငြား လူသုံးကုန်ပစ္စည်းများကိုတော့ အဓိကပို့ဆောင်ပေးသည်။ Shiro၏ Websiteတွင်လည်း ပစ္စည်းများစွာကို တင်၍ရောင်းချနိုင်သည်။ လုပ်ငန်းငယ်အချို့သည်ပင် စာချုပ်ချုပ်ကာ ရောင်းချကြပြီး Shiro၏လုပ်ငန်းမှ လိုက်လံပို့ဆောင်ပေးသည်။ သို့သော် လုပ်ငန်းသည် သိပ်မကြီးသေးပေ။

အချစ်ဆုံးသို့Where stories live. Discover now