"ဒီဟာလေး ယူလိုက်မယ်နော်
အစ်မ ကြိုက်လား "!"အင်း မင်းလှတယ်ထင်ရင်ယူလိုက်လေ "
နေ့ လက်ထဲက လက်စွပ်လေးနှစ်ကွင်းကိုကြည့်ကာတော်တော်လေးသဘောကျနေမိသည်။ ဘာမှ မပါသော်လည်းရိုးရိုးရှင်းရှင်းလေးနှင့် လှပါသည် ။ ဘေးက မှင်တည်တည်ဖြင့်ရပ်နေသော အစ်မကတော့ အခြားအရာတွေကိုသာပို၍စိတ်ဝင်စားနေဟန်ရှိသည်။
"ဒါဆို ဒါလေးနှစ်ကွင်းယူမယ်နော် "
အော် ဒါနဲ့လေ ဒီပေါ်မှာစာလံုးေလးေတွထိုးပေးလို့ရမလား ..."ဟုတ်ကဲ့ ရပါတယ်ရှင့် !
"ဒါဆို '𝒩 𝓎 'ကိုေဘးကအသဲပုံလေးနဲ့တစ်ကွင်းစီရေးပေးပါနော် "
"ဟုတ်ကဲ့ရှင့် !
𝒩 ဆိုတဲ့လက်စွပ်ကလေးကို အစ်မက ဝတ်ပြီး 𝓎 ဆိုတဲ့လက်စွပ်လေးကို နေ ကဝတ်ပါမည်။
အံ့ဩသလိုကြည့်နေသည့် အစ်မကိုကြည့်ရင်း နေ တစ်ဟီးဟီးသာလုပ်ပြလိုက်ရသည်။ အနည်းငယ်တော့ ရှက်သည်လေ။
ဒယ်ဒီတို့၏ အမြောက်ကောင်းမှုကြောင့် အစ်မ ကိုခေါ်ပြီး စေ့စပ်လက်စွပ်ရွေးရန် ထွက်လာခဲ့ကြခြင်းဖြစ်သည်။ မလိုက်ချင် လိုက်ချင်ဖြင့် အင်တင်တင်ဖြစ်နေသော အစ်မ ဟာအလိုမကျစွာဖြင့် ပါလာခဲ့သည်လေ။"ဗိုက်ဆာနေပြီလား တစ်ခုခုသွားစားရအောင်နော်"
"ဟင့်အင်း မဆာသေးဘူး"!
'နေ က ဆာနေပြီမလို့ သွားကြမယ်နော် ဟီးဟီးး"
အတင့်ရဲစွာ ကျွန်မလက်ကိုဆွဲကာရှေ့ကထွက်သွားသည့် ကလေးစုတ်ကို အမြင်ကပ်ပါသည်။ သူဘဲမေးပြီး သူလုပ်ချင်ရာလုပ်တယ် ၊အခြားသူတွေအမြင်မှာဆိုရင်တော့ သူဘဲလိမ္မာသလိုလိုနဲ့။
သူခေါ်လာသည့် ဆိုင်က ဟိုးတစ်နေ့က ပန်းတို့နှင့်လာခဲ့တုန်းကဆိုင်ပင်။ မနက်ခင်းအချိန်မို့လားတော့မသိ ၊ဆိုင်ထဲမှာလူကျနေသည်။ ထို့ကြောင့် ကျွန်မတို့ အနောက်ဆုံးကထောင့်နေရာမှာသာထိုင်လိုက်ကြသည်။"အစ်မ ဘာစားမလဲ မဆာလည်းစားလိုက်ပါတော့နော် လမ်းရောက်မှဆာနေလိမ့်မယ်။"
သူမေးပြီး သူဘဲပြန်ဖြေဖြေသွားတာ ဘယ်လိုအကျင့်လဲမသိ ၊ ကျွန်မ အလိုမကျစွာမျက်မှောင်ကျုံ့ရင်း ပါးစပ်ထဲရှိရာပြောချလိုက်သည်။

VOUS LISEZ
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poésie"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!