42။

14.7K 582 7
                                        


"ဟင့်အင်း တို့ တို့အဲ့လိုမလုပ်နိုင်ဘူး ။"

"လွှာ့ !! တို့ဘက်ကိုနည်းနည်းလေးမှမငဲ့ကွက်တော့ဘူးလား"

"တောင်းပန်ပါတယ် ။"

ခေါင်းငုံ့ကာ တိုးလျသည့်အသံဖြင့် တောင်းပန်စကားဆိုသည့် ချစ်ရသူအားကြည့်ကာ ရင်နာမိသည်။ ဘဝတစ်ခုအား နှစ်ယောက်အတူတူတည်ထောင်ဖို့ရာ သူမအတွက်ဘယ်အရာတွေကများအဲ့‌ေလာက်ခက်ခဲနေသနည်း။

ဆရာဝန်ဂျူတီကုတ်အဖြူရောင်လေးနှင့် သွယ်လျလျမျက်နှာလေးသည် ပင်ပန်းနွမ်းနယ်နေတာတောင် လှရက်နိုင်လွန်း‌ေန၏ ပန်း အနေဖြင့်ဘယ်အရာကိုမှမငဲ့ကွက်တော့ဘဲ သူရှိရာအရပ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပေးခဲ့တာတောင် ချစ်ရသူဟာ ငြင်းသတဲ့လေ ၊ ဒီလောက်တောင်မှ ပန်းနဲ့မနေချင်ရင်လည်း အစကတည်းဘာလို့ချစ်နေခဲ့သေးလဲ ။

"ကောင်းပြီလေ ။ ဒီလမ်းကို ယူကိုယ်တိုင်ဘဲရွေးခဲ့တာနော် ! တို့ကိုစည်သူမျိုးနဲ့လက်ထပ်မယ် ၊"

"အင်း သူက‌လူကောင်းပါ ။"

ထိုစကားကိုကြားတော့ ရင်ဘက်ထဲတွင်ဆူးတစ်‌ေချာင်းစိုင်ဝင်သွားသည့်နှယ် နင့်ကနဲပင်။

"ကတိတစ်ခုတော့ပေးရမယ် ။တို့ လက်ထပ်ပွဲကိုယူလာစရာမလိုသလို ပြီးတော့တို့ရှေ့မှာလည်းဘယ်တော့မှပေါ်မလာပါနဲ့တော့ !

ထိုစကားကိုကြားတော့ ချစ်ရတဲ့ဆရာဝန်မလေးဟာ စိုလဲ့လဲ့မျက်ဝန်းတွေဖြင့် အတင်းမော့ကြည့်ကာ

"ဟင့်အင်း ။ တို့ မင်းဘေးမှာသူငယ်ချင်းတစ်ယောက်အနေနဲ့တော့ရှိခွင့်ပေးပါ ယူရယ် ။"

သူမ ဒီလောက်တော့ တောင်းဆိုလို့ရသေးတယ်မလား ၊ဒီလိုအခြေအနေမျိုးတွေသာ ဖြစ်လာမယ်မှန်းကြိုသိခဲ့လျှင် သူမ ပန်းကိုအဖြေပြန်ပေးမိမှာမဟုတ်ခဲ့ပေ။ ပန်းနှင့်အကြောင်းကို သိသွားတော့ မာမီဟာ ဘာမှမပြောပေမယ့်လို့ အိမ်ကိုရောက်ချလာသည့် ပန်း၏ဒယ်ဒီ ကြောင့် ခါးခါးသီးသီးဖြစ်သွားရခြင်းပေ ၊ ဝင့်လွှာအနေဖြင့် ရှက်လည်းရှက်မိသလို ရင်လည်းနာရပါသည် ။

အဲ့ဒီနေ့က ။

"ဒါက ဘာသဘောလဲ အန်ကယ် ။"

ရှေ့မှာချထားသည့်ငွေထုပ်ကြီးကို လက်ညိုးထိုး၍ မေးလိုက်သည်။ ရောက်လာကတည်းက ဘာတစ်ခွန်းမှမဟသည့် ပန်း၏ဖေဖေ ဦးနေသော်ထွန်းကြောင့် လွှာ့ဘက်မှစ၍မေးလိုက်ခြင်းဖြစ်သည် ။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Où les histoires vivent. Découvrez maintenant