Chapter 6

2.9K 572 10
                                    

Unicode

   
ဝေလီဝေလင်းအချိန် ၄ နာရီခွဲလောက်မှာ စူး
ယိရန် အိပ်ချင်မူးတူးထကာ  သန့်စင်ခန်းဝင်သည်။
    
သူ ပြန်လာ၍ ကုတင်ပေါ် ထပ်တွားတက်လာချိန် ရုတ်တရက် တစ်စုံတစ်ရာကမူမမှန်သလို ဝေဝါးဝါးခံစားလိုက်ရသည်။
    
အိပ်ချင်စိတ်ကြောင့် သူ့စိတ်က ရှုပ်ထွေးနေဆဲဖြစ်ကာ လက်က ကုတင်တစ်ဖက်ခြမ်းကို အလိုလိုစမ်းမိသွားသည်။ သို့ငြား ဗလာဖြစ်လို့နေပေသည်။
    
စူးယိရန် ပိုလို့ပင် နိုးနိုးကြားကြားဖြစ်သွားကာ မသင်္ကာစွာဖြင့် မီးဖွင့်လိုက်သည်။ သူ့ဘေးမှာ ဘယ်သူမျှမရှိခဲ့။

ထင်ကောက ဘယ်ရောက်သွားတာတုန်း။
    
ခုနတုန်းက သန့်စင်ခန်းသွားတုန်းကလည်း ထင်ကောကို မမြင်မိသလိုပဲ။ဟုတ်တယ်မလား။
    
သူ ထထိုင်ကာ alarm ပေးထားသည့်နာရီကိုကြည့်လိုက်သည်။ ၄ခွဲပင်ရှိသေးသည်။အလွန်စောလွန်းနေသေးသည်ပင်။။ခုချိန်ကြီး အပြင်ထွက်သွားခြင်းက မဖြစ်နိုင်လောက်။
    
စူးယိရန် အော်ခေါ်လိုက်သည်။

"ထင်ကော"
    
ဘာတုံ့ပြန်သံမှမရ၍ လိုက်ရှာဖို့ရာ သူအိပ်ရာထဲက ထွက်လိုက်သည်။
    
မနေ့ညက သူမှတ်မိသလောက်တော့ ထင်ကောက သူ့ကိုနှိပ်ပေးခဲ့ဟန်ပင်။ သူအလွန်ပင်ပန်းကာ ဇိမ်ရှိလှတာကြောင့် ဘာမျှမသိတော့ဘဲ အိပ်မောကျသွားခဲ့သည်။ ထို့ကြောင့်ပင် ထင်ကော ဘယ်ချိန်အိပ်ရာဝင်သွားမှန်း သူမသိလိုက်။
    
သူ အိပ်ခန်းထဲကထွက်ကာ ဧည့်ခန်း၊ လသာဆောင်၊ မီးဖိုခန်းနှင့် ရေချိုးခန်းတွေထိ ဝင်ရှာသည်။ သို့ငြား ဘယ်သူ့ကိုမှ မတွေ့ပါပေ။ နောက်ဆုံးတော့ သူ စာကြည့်ခန်းတံခါးကိုတွန်းဖွင့်လိုက်တော့မှ ထင်ကောဟာ စာကြည့်ခန်းထဲရှိ ဆိုဖာကုတင်လေးပေါ်မှာ အိပ်ပျော်နေတာကို တွေ့လိုက်ရလေသည်။

ဆိုဖာကုတင်က ကျဥ်းမြောင်းကာ အနံတိုသည်။ ကုယွမ်းထင်က ခြေတံရှည်၊ လက်တံရှည်များနှင့်အတူ အရပ်ရှည်ပြီး လူကောင်ထွားသည်မို့ ခုဆို သူဟာ ဤဆိုဖာပေါ်မှာ မသက်မသာနိုင်လှစွာဖြင့် ကွေးကွေးလေးဖြစ်နေကာ ခြေကျင်းဝတ်နှင့် ခြေဖျားကတော့ ဆိုဖာအပြင်ဘက်ထွက်လျက်ရှိသည်။
    
စူးယိရန်မှာ ဘာတွေဖြစ်နေမှန်း သူမသိ။ ကုယွမ်းထင်က နေလို့မကောင်းလို့သာ ဒီကိုပြေးလာအိပ်သည်ဟု စိုးရိမ်သွားကာ ရှေ့တိုး၍ တွန်းလှုပ်နှိုးလိုက်သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now