Reason

398 29 1
                                    

"LaLisa"

တံခါးအကွယ်ကနေ ရုတ်တရက် ထွက်လာသူကြောင့်
နောက်ကျနေလို့ အရှိန်တင်‌ထားတဲ့ ခြေလှမ်းတွေ ရပ်တန့်လိုက်ရတယ်...။

"မပြောမဆိုနဲ့ Jen ရယ်
မတော်လို့ တိုက်မိပြီး လဲသွားရင် ဘယ်လိုလုပ်မလဲ.."

"ခိုက်မိရင်း ခိုက်မိရင်
ဖြစ်မှာက Jenပါ...
Lalisaမဟုတ်ဘူး...
အဲ့လောက်ထိ အဖြစ်သည်းပြ‌မနေနဲ့..."

သူခိုက်မိမှာ စိုးရိမ်လို့ပြောနေတာကို
နားမလည်ဘူးပဲ ရှေ့က အကောင်ပေါက်လေးက...။

"ဘာလို့ ‌အစောကြီး ထ သွားနေရတာလဲ..
ညနေဆိုလည်း မိုးချုပ်မှ ပြန်ရောက်တယ်...
ဘယ်ဆေးကျောင်းသူကများ အဲ့လောက်ထိ အချိန်တွေသုံးနေရတာလဲ..
ဘယ်လိုကျောင်းမျိုးမို့ အဲ့လောက်ထိ စာလုပ်ဖို့ လိုနေရတာလဲ
ဟမ်..."

"."

"ဘာလို့ ဘာမှ ပြန်မဖြေတာလဲ ..
အချိန်မပေးယုံတင်မဟုတ်ဘဲ
အခု ငါ့စကားကိုတောင် နားထဲ မသွင်းတော့တာလား
နင်က.."

"."

"ပြန်ဖြေဦးလေ Lisa..
ဘာလဲ ‌
ကျောင်းကို အကြောင်းပြပြီး မဟုတ်တာတွေ လုပ်နေတာလား..
ချိန်းတွေ့တတ်နေပြီလား.."

"နောက်ကျနေပြီ Jen
Liliသွားမှ ဖြစ်တော့မယ်.."

ပြောစရာစကားတွေ သိပ်များနေခဲ့ရင်
ဘယ်ကနေ စ ပြောရမှန်းမသိ ဖြစ်တတ်တယ်တဲ့..

ပြောပြဖို့မဖြစ်နိုင်တဲ့ စကားတွေသာဆိုရင်ရော Jen..။

"နင့်မှာ ငါ့ထက် ခင်တွယ်ရမဲ့သူရှိနေတယ်ဆိုတာ တကယ်ပဲကိုး..
Park Chaeyoung
အဲဒီတယောက်မလား ..
ဝါသနာမပါတဲ့ ဆေးကျောင်းကို တက်နေတာလည်း
အဲဒီတယောက်ကြောင့်မလား.."

Jenအနောက်ကို အနည်းငယ်ကျော်သွားပြီဖြစ်တဲ့ ခြေလှမ်းတစုံက
ရှေ့မဆက်ဖြစ်သေး..

"နောက်ယောင်ခံလိုက်နေတာလား Jen.."

"အံ့ဩသွားပုံထောက်ရင် တကယ်ဖြစ်နေတာပဲ..
မသိဘူးထင်ပြီး ကွယ်ရာမှာ နေချင်တိုင်းနေနေပြီးတော့ အခုမှ လာပြီး.."

"နောက်တခါ ထပ်မလုပ်ပါနဲ့လား Jenရယ်..
Lili တောင်းဆိုတာပါ..
အခုတော့ နောက်ကျနေပြီမို့ သွားလိုက်ပါဦးမယ်.."

ReasonWhere stories live. Discover now